
0
916




>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဖလော်ရီဒါ ပစ်ခတ်မှု ဒဏ်ရာရသူတွေဆီ သမ္မတ ထရမ့် သွားရောက် အားပေး

အမေရိကန်၊ ဖလော်ရီဒါ၊ ပါ့ခ်လန်းရှိ စာသင်ကျောင်းမှာ လူ ၁၇ ဦး သေတဲ့ ပစ်ခတ်မှုအတွင်း ဒဏ်ရာရရှိသူတွေကို သမ္မတ ဒေါ်နယ် ထရမ့်က ဆေးရုံမှာ သွားရောက်ကြည့်ရှု အားပေးပါတယ်။

သမ္မတ ထရမ့်နဲ့ သမ္မတ ကတော် မယ်လန်နီယာတို့ဟာ ဘရောဝပ်ဒ် ဆေးရုံကို သွားရောက်ပြီး ဒဏ်ရာရရှိသူ ၉ ဦးကို အားပေးစကား ပြောကြားကာ ပြုစုကုသပေးတဲ့ ဆေးရုံဝန်ထမ်းတွေကို ကျေးဇူးတင်ကြောင်း ပြောကြားပါတယ်။

မဂျော်ရတီ စတုန်းမန်း ဒေါက်ဂလပ် အထက်တန်းကျောင်းမှာ ကျောင်းသားဟောင်း နီကိုလပ်စ် ခရုဇ်က သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ ကျောင်းသား ကျောင်းသူနဲ့ ဆရာ ၁၇ ဦး သေဆုံးခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)