ပါကစ္စတန်နိုင်ငံ ဘုရားကျောင်းတစ်ခုကို IS အဖွဲ့ဝင်တစ်ဦး ဗုံးခွဲတိုက်ခိုက် မှုကြောင့် လူ (၇၀) သေဆုံး

0
255

ပါကစ္စတန်နိုင်ငံတောင်ပိုင်းက ဆူဖီဘုရားကျောင်းကို IS စစ်သွေးကြွတစ်ဦးရဲ့ အသေခံဗုံးခွဲတိုက်ခိုက် မှုတစ်ခု ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ ဖြစ်ပွားခဲ့ပါတယ်။

ဘုရားကျောင်းတက်နေချိန် တိုက်ခိုက်ခံရတာကြောင့် အနည်းဆုံး လူ (၇၀)ကျော် သေဆုံးခဲ့ပြီး လူပေါင်းများစွာ ဒဏ်ရာရရှိခဲ့ကြပါတယ်။ သေဆုံး ခဲ့သူတွေထဲမှာ ကလေးငယ် (၃၀)ကျော်နဲ့ အမျိုးသမီးများစွာလည်း ပါဝင်နေခဲ့တာပဲ ဖြစ်ပါတယ်။

အခု လို စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုတွေဟာ ပါကစ္စတန်နိုင်ငံထဲမှာ တစ်ပတ်အတွင်း မြင့်တက်လာနေ ပြီး လူပေါင်းများစွာ သေဆုံးမှုတွေ ဖြစ်ပေါ် နေတာပါ။

လက်ရှိ အခင်းဖြစ်ပွားရာနေရာကို ကယ်ဆယ် ရေးအဖွဲ့တွေ၊ ရဟတ်ယာဉ်နဲ့ ဆေးဘက်ဆိုင်ရာ အဖွဲ့တွေကို စေလွှတ်ထားပြီး ဆူရှီဘုရားကျောင်းကို ဗုံးခွဲတိုက်ခိုက်သူဟာ စစ်သွေးကြွ အမျိုးသမီးတစ်ဦးဖြစ်တယ်လို့လည်း ဒေသဆိုင်ရာအာဏာပိုင်တွေ က ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)