
0
2149






>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အစ္စရေးကိုအသိမှတ်ပြုထားမှုကို အဆုံးသတ်ထားမယ့် ပါလက်စတိုင်း

အစ္စရေး က ပါလက်စတိုင်းနိုင်ငံကို အသိမှတ်ပြုတဲ့အချိန်အထိ အစ္စရေးကို ပါလက်စတိုင်းရဲ့ အသိမှတ်ပြုမှုတွေ အဆုံးသတ်ထားဖို့ ပါလက်စတိုင်း ဗဟိုကောင်စီက မဲခွဲဆုံးဖြတ်လိုက်ပါတယ်။

ပါလက်စတိုင်း ဗဟိုကောင်စီ ဟာ အစ္စရေး နဲ့လုံခြုံရေးအရ ပူးပေါင်း ဆောင်ရွက်မှုတွေကို လျှော့ချဖို့လည်း မဲပေးဆုံးဖြတ်ခဲ့ပါတယ်။

အစ္စရေး နဲ့အမေရိကန် ရဲ့ အရေးယူဆောင်ရွက်ချက်တွေကို တုံပြန်နိုင်ဖို့ ပါလက်စတိုင်း လွတ်မြောက်ရေး အဖွဲ့ အဖွဲ့ဝင်တွေ က ပြီးခဲ့တဲ့ တနင်္လာနေ့က အနောက်ဘက် ကမ်းခြေမှာတွေဆုံဆွေးနွေးခဲ့ပါတယ်။

ပါလက်စတိုင်း လွတ်မြောက်ရေးခေါင်းဆောင်တွေ ဟာ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် က ဂျေရုဆလင် ကို အစ္စရေးမြို့တော် အဖြစ် အသိမှတ်ပြုမှုပေါ် စိတ်ဆိုးမှုတွေရှိနေပါတယ်။

ပါလက်စတိုင်းလွတ်မြောက်ရေးကောင်စီ ဟာ ပါလက်စတိုင်းသမ္မတ မာမွတ် အာဘတ်ကိုထောက်ခံခဲ့ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ထိခိုက်မှုအတွက် အမေရိကန် သမ္မတထရမ် နဲ့ အ စ္စရေးကို ပြစ်တင်မှုတွေလုပ်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)