
0
386






>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဆွေးနွေးမှု မလုပ်ခင် လက်နက် စမ်းသပ်တာမလုပ်ဖို့မြောက်ကိုရီးယားကို သတိပေး

မြောက်ကိုရီးယား နိုင်ငံအနေနဲ့ ဆွေးနွေးမှုတွေ မလုပ်ခင် လက်နက် စမ်းသပ်တာတွေ မလုပ်ဆောင်ဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက်တီလာဆန်ကတိုက်တွန်းလိုက်ပါတယ်။

မြောက်ကိုရီးယား ရဲ့ နျူကလီယား နဲ့ ဒုံးကျည် အစီစဉ်တွေနဲ ပတ်သက်လို့ နှစ်နိုင်ငံကြား ဆွေးနွေးမှုတွေဖြစ်စေဖို့ လက်နက် စမ်းသပ်တာတွေ မလုပ် ဖို့ တိုက်တွန်းခဲ့တာဖြစ်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟာ မြောက်ကိုရီးယား နိုင်ငံနဲ့ တိုက်ရိုက်ဆွေးနွေးမှုတွေလုပ်ဖို့အခုသီတင်းပတ်အစောပိုင်းက ကမ်းလှမ်းခဲ့ပြီးနောက် အခုလိုမျိုး ပြောဆိုခဲ့တာဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ မြောက်ကိုရီးယား နိုင်ငံ နဲ့ ဆွေးနွေးမှုတွေ လုပ်ဦးမှာမဟုတ်ဘူးလို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးကပြောပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက မြောက်ကိုရီးယားနိုင်ငံ နဲ့ စားပွဲ ဝိုင်းဆွေးနွေးမှုတွေလုပ်မှာဖြစ်ပေမယ့် ဖိအားတွေ ကတော့ နျူကလီယား ကင်းစင် မှု ရှိတဲ့အချိန် အထိ ဆက်လက် ရှိနေဦးမှာဖြစ်တယ်လို့ ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)