ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ် ဘီလ်ဂိတ်စ် ပြန်ဖြစ်လာ

0
107

Unicode Version

Amazon အမှုဆောင် အရာရှိချုပ် ဂျက်ဖ် ဘီဇိုစ်ကို ကျော်ဖြတ်ပြီး ဘီလ်ဂိတ်စ်က ကမ္ဘာ့အချမ်းသာဆုံး နံပါတ် ၁ ပုဂ္ဂိုလ် ပြန်ဖြစ်လာတယ်လို့ ဘလွန်းဘာ့ဂ် ဘီလျံနာ အညွှန်းက နိုဝင်ဘာလ ၁၅ ရက်မှာ ဖော်ပြလိုက်ပါတယ်။

မိုက်ခရိုဆော့ဖ် ပူးတွဲတည်ထောင်သူ ဂိတ်စ်က အသားတင်ကြွယ်ဝမှု အမေရိကန် ဒေါ်လာ ၁၁၀ ဘီလီယံနဲ့ ကြွယ်ဝမှု ဒေါ်လာ ၁၀၉ ဘီလီယံ ရှိတဲ့ ဘီဇိုစ်ကို ကျော်ဖြတ်သွားတာ ဖြစ်တယ်လို့ အညွှန်းက ဖော်ပြပါတယ်။ Amazon က စက်တင်ဘာလ မတိုင်ခင် သုံးလအတွင်း အမြတ်အစွန်း ၂၈ ရာခိုင်နှုန်း ကျဆင်းသွားခဲ့တာ ဖြစ်ပါတယ်။

ဘီလ်ဂိတ်ကတော့ မိုက်ခရိုဆော့ဖ် ရှယ်ယာတွေ ၄၈ ရာခိုင်နှုန်းအထိ ထိုးတက်သွားခဲ့လို့ အခုလို ကမ္ဘာ့ အချမ်းသာဆုံး နံပါတ် ၁ နေရာကို ပြန်လည် ရောက်ရှိသွားခဲ့တာ ဖြစ်ပါတယ်။

Zawgyi Version