အမေရိကန် တပ်တွေ ဆက်ထားဖို့ သမ္မတထရမ့်က ဂျပန်ကို ဒေါ်လာ ၈ ဘီလီယံ တိုးတောင်း

0
166

Unicode Version

အမေရိကန်တပ်တွေ ဂျပန်မှာ ဆက်လက် တပ်စွဲထားဖို့ စရိတ်အဖြစ် အမေရိကန် ဒေါ်လာ ၈ ဘီလီယံအထိ တိုးပေးဖို့ သမ္မတ ဒေါ်နယ် ထရမ့်က ဂျပန်ကို တောင်းဆိုလိုက်တယ်လို့ ဖောရိန်း ပေါ်လစီ မဂ္ဂဇင်းက ဖော်ပြပါတယ်။

ဖောရိန် ပေါ်လစီ မဂ္ဂဇင်းက တာဝန်မှာ အနားယူပြီးနဲ့ တာဝန် ထမ်းဆောင်ဆဲ အမည်မဖော်လိုသူ အမေရိကန် အရာရှိတွေကို အခုလို ကိုးကား ဖော်ပြလိုက်တာပါ။ ဂျပန်မှာ ထားရှိတဲ့ အမေရိကန် တပ်ဖွဲ့ ၅၄၀၀၀ အတွက် ဂျပန်က နှစ်စဉ် ဒေါ်လာ ၂ ဘီလီယံ ပေးနေတာကနေ ၈ ဘီလီယံအထိ တိုးပေးဖို့ တောင်းဆိုတာ ဖြစ်ပါတယ်။ အမေရိကန် စစ်တပ်အတွက် နှစ်စဉ် ဒေါ်လာ ၂ ဘီလီယံပေးဖို့ သဘောတူညီချက်ဟာ ၂၀၂၁ ခုနှစ်မှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လမှာ အခု နုတ်ထွက်သွားပြီ ဖြစ်တဲ့ ထရမ့်ရဲ့ အမျိုးသား လုံခြုံရေးအကြံပေး ဂျွန် ဘော်လ်တန်နဲ့ အမျိုးသားလုံခြုံရေး ကောင်စီ၊ အာရှ ဒါရိုက်တာ မတ် ပေါ်တင်ဂျာတို့ ဂဂျပန်ကို သွားရောက်စဉ် အခုလို တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

Zawgyi Version