ကယ်လီဖိုးနီးယားမှာ သေနတ်ပစ်ခတ်တဲ့ ကျောင်းသား ဆေးရုံမှာ သေဆုံး

0
65

Unicode Version

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ အထက်တန်းကျောင်းမှာ ကျောင်းသားကျောင်းသူ နှစ်ဦးသေဆုံးအောင် သေနတ်နဲ့ ပစ်ခတ်ပြီး ကိုယ့်ကိုယ်ကို သေနတ်နဲ့ ပစ်ပြီး သတ်သေဖို့ ကြိုးပမ်းတဲ့ ဆယ်ကျော်သက် ကျောင်းသားဟာ ရရှိထားတဲ့ ဒဏ်ရာနဲ့ ဆေးရုံမှာ သေဆုံးသွားပြီလို့ ရဲက ပြောပါတယ်။

ဆောဂပ်စ် အထက်တန်းကျောင်းမှာ သေနတ်နဲ့ ပစ်ခတ်ခဲ့သူဟာ အသက် ၁၆ နှစ်အရွယ် နေသန်နီယယ် တင်နိုဆူကေ ဘာဟောင်းဖြစ်ပါတယ်။ သူက သေနတ်နဲ့ ပစ်ခတ်လို့ ဂရေစီ အန်နီ မော်အယ် ဘာဂါ (၁၅ နှစ်)၊ ဒေါမနစ် ဘလက်ဝဲလ် (၁၄ နှစ်) တို့ သေဆုံးခဲ့ပြီး တခြား အသက် ၁၄ နှစ်၊ ၁၅ နှစ်နဲ့ ၁၄ နှစ်အရွယ် ကျောင်းသားကျောင်းသူတွေလည်း ဒဏ်ရာ ရရှိခဲ့ပါတယ်။

သေနတ်သမား ဘာဟောင်းဟာ သူ့ရဲ့ အသက် ၁၆ နှစ်ပြည့် မွေးနေ့မှာ ဘာကြောင့် ကျောင်းမှာ သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်ဆိုတာ ပဟေဠိအဖြစ် ကျန်ခဲ့တယ်လို့ လော့စ်အင်ဂျလိစ် ရဲတပ်ဖွဲ့က အဲလက်စ် ဗီလာနူဗာက ပြောပါတယ်။ သူ့ခေါင်းကို သူ သေနတ်နဲ့ပစ်ပြီး အကြီးအကျယ် ဒဏ်ရာရသွားတဲ့ ဘာဟောင်းဟာ ကြေညာချက်၊ ဒိုင်ယာရီ၊ သတ်မသေခင် မှာထားချက်တွေလည်း ထားခဲ့ခြင်း မရှိပါဘူး။  

Zawgyi Version 