အေမရိကန္မွာ ေသနတ္ယူေဆာ့တဲ့ ၂ ႏွစ္အရြယ္ ကေလးငယ္ ပစ္မိၿပီး ေသဆံုး

0
795

အေမရိကန္ႏိုင္ငံ၊ ေဂ်ာ္ဂ်ီယာျပည္နယ္၊ ဂ်ံဳးဘို႐ိုမွာ ေနအိမ္ အိပ္ခန္းအတြင္းရွိ ေခါင္းအံုးေအာက္မွာ ေတြ႔ရွိတဲ့ ေသနတ္ကို ယူေဆာ့မိတဲ့ အသက္ ၂ ႏွစ္အရြယ္ ေယာက်္ားကေလးတစ္ဦးဟာ ကိုယ့္ကိုယ္ကိုယ္ ပစ္မိၿပီး ေသဆံုးခဲ့ပါတယ္။

မေန႔က ႏိုဝင္ဘာ ၁၅ ရက္ေန႔မွာ ကေလးငယ္ဟာ ေသနတ္ဒဏ္ရာနဲ႔ ေသဆံုးခဲ့တယ္လို႔ ကေလတန္ စီရင္စုက ရဲမွဴး စေကာက္ စတပ္စ္က အတည္ျပဳပါတယ္။ အမည္ေဖာ္ျပျခင္း မရွိတဲ့ ကေလးငယ္ဟာ သူ႔ဖခင္ အိပ္ေပ်ာ္ေနစဥ္ အခန္းတြင္း ဝင္လာခဲ့ၿပီး ေခါင္းအံုးေအာက္မွာ ေသနတ္ကို ေတြ႔ရွိလို႔ ေဆာ့ကစားခဲ့တာ ျဖစ္ၿပီး ေဆး႐ံုကို ပို႔ေဆာင္စဥ္ ေသဆံုးခဲ့တာ ျဖစ္ပါတယ္။

၂ ႏွစ္အရြယ္ ေယာက်္ားေလး ေသဆံုးမႈနဲ႔ ပတ္သက္ၿပီး အေသးစိတ္ စစ္ေဆးေနၿပီး မိသားစုဝင္ေတြက ပူးေပါင္းကူညီတယ္လို႔ ရဲမွဴးက ေျပာပါတယ္။ ဒီအမႈကို ခ႐ိုင္ဥပေဒ႐ံုးမွာ သံုးသပ္စစ္ေဆးမွာျဖစ္ၿပီး ဘယ္လို အေရးယူရမယ္ဆိုတာ ဆံုးျဖတ္မွာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အမေရိကန်မှာ သေနတ်ယူဆော့တဲ့ ၂ နှစ်အရွယ် ကလေးငယ် ပစ်မိပြီး သေဆုံး

အမေရိကန်နိုင်ငံ၊ ဂျော်ဂျီယာပြည်နယ်၊ ဂျုံးဘိုရိုမှာ နေအိမ် အိပ်ခန်းအတွင်းရှိ ခေါင်းအုံးအောက်မှာ တွေ့ရှိတဲ့ သေနတ်ကို ယူဆော့မိတဲ့ အသက် ၂ နှစ်အရွယ် ယောကျာ်းကလေးတစ်ဦးဟာ ကိုယ့်ကိုယ်ကိုယ် ပစ်မိပြီး သေဆုံးခဲ့ပါတယ်။

မနေ့က နိုဝင်ဘာ ၁၅ ရက်နေ့မှာ ကလေးငယ်ဟာ သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့တယ်လို့ ကလေတန် စီရင်စုက ရဲမှူး စကောက် စတပ်စ်က အတည်ပြုပါတယ်။ အမည်ဖော်ပြခြင်း မရှိတဲ့ ကလေးငယ်ဟာ သူ့ဖခင် အိပ်ပျော်နေစဉ် အခန်းတွင်း ဝင်လာခဲ့ပြီး ခေါင်းအုံးအောက်မှာ သေနတ်ကို တွေ့ရှိလို့ ဆော့ကစားခဲ့တာ ဖြစ်ပြီး ဆေးရုံကို ပို့ဆောင်စဉ် သေဆုံးခဲ့တာ ဖြစ်ပါတယ်။

၂ နှစ်အရွယ် ယောကျာ်းလေး သေဆုံးမှုနဲ့ ပတ်သက်ပြီး အသေးစိတ် စစ်ဆေးနေပြီး မိသားစုဝင်တွေက ပူးပေါင်းကူညီတယ်လို့ ရဲမှူးက ပြောပါတယ်။ ဒီအမှုကို ခရိုင်ဥပဒေရုံးမှာ သုံးသပ်စစ်ဆေးမှာဖြစ်ပြီး ဘယ်လို အရေးယူရမယ်ဆိုတာ ဆုံးဖြတ်မှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)