သက္ရွိထင္ရွားရွိစဥ္ စံခ်ိန္တင္ အျဖစ္ ေဟာ္ကေနရဲ႕ ပန္းခ်ီကား ေရာင္းခ်ရ

0
920

ၿဗိတိန္ ႏုိင္ငံသား ပန္းခ်ီဆရာ ေဒးဗစ္ ေဟာ္ကေန ေရးဆြဲတဲ့ပန္းခ်ီကား တစ္ကားဟာ နယူးေယာက္ၿမိဳ႕ ေလလံပြဲမွာ အေမရိကန္ ေဒၚလာ သန္း ၉၀ နဲ႔ စံခ်ိန္တင္ ေရာင္းခ်ႏုိင္ခဲ့တဲ့အတြက္ ပန္းခ်ီဆရာ သက္ရွိထင္ရွားရွိစဥ္ စံခ်ိန္တင္ ေရာင္းခ်ရမႈ ျဖစ္ခဲ့ပါတယ္။

ပန္းခ်ီကားေရာင္းခ်ရတဲ့ ေစ်းႏႈန္းဟာ ၂၀၁၃ ခုႏွစ္က အေမရိကန္ေဒၚလာ ၅၈ သန္းနဲ႔ ေရာင္းခ်ႏုိင္ခဲ့တဲ့ အေမရိကန္ ပန္းခ်ီဆရာ ဂ်က္ဖ္ကြန္းရဲ႕ ေဘာ္လြန္း ေဒါ့ဂ္ အမည္ရွိ ပန္းခ်ီကား ေရာင္းခ်ႏုိင္တဲ့ ေစ်းႏႈန္းကို ေက်ာ္ျဖတ္ႏုိင္ခဲ့ပါတယ္။

ေဟာ္ကေနရဲ႕ ပန္းခ်ီကား ကိုယ္တိုင္ေရးပံုတူ (ေရကူးကန္နဲ႔ လူႏွစ္ေယာက္) ကို ေလလံဆြဲသူက အေမရိကန္ေဒၚလာ ၉၀ ဒသမ ၃ သန္း ေနာက္ဆံုးေစ်း ေပးကာ ဝယ္ယူခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

သက်ရှိထင်ရှားရှိစဉ် စံချိန်တင် အဖြစ် ဟော်ကနေရဲ့ ပန်းချီကား ရောင်းချရ

ဗြိတိန် နိုင်ငံသား ပန်းချီဆရာ ဒေးဗစ် ဟော်ကနေ ရေးဆွဲတဲ့ပန်းချီကား တစ်ကားဟာ နယူးယောက်မြို့ လေလံပွဲမှာ အမေရိကန် ဒေါ်လာ သန်း ၉၀ နဲ့ စံချိန်တင် ရောင်းချနိုင်ခဲ့တဲ့အတွက် ပန်းချီဆရာ သက်ရှိထင်ရှားရှိစဉ် စံချိန်တင် ရောင်းချရမှု ဖြစ်ခဲ့ပါတယ်။

ပန်းချီကားရောင်းချရတဲ့ ဈေးနှုန်းဟာ ၂၀၁၃ ခုနှစ်က အမေရိကန်ဒေါ်လာ ၅၈ သန်းနဲ့ ရောင်းချနိုင်ခဲ့တဲ့ အမေရိကန် ပန်းချီဆရာ ဂျက်ဖ်ကွန်းရဲ့ ဘော်လွန်း ဒေါ့ဂ် အမည်ရှိ ပန်းချီကား ရောင်းချနိုင်တဲ့ ဈေးနှုန်းကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။

ဟော်ကနေရဲ့ ပန်းချီကား ကိုယ်တိုင်ရေးပုံတူ (ရေကူးကန်နဲ့ လူနှစ်ယောက်) ကို လေလံဆွဲသူက အမေရိကန်ဒေါ်လာ ၉၀ ဒသမ ၃ သန်း နောက်ဆုံးဈေး ပေးကာ ဝယ်ယူခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)