
0
829




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တာလီဘန်သူပုန်အဖွဲ့က အာဖန်နဂန်နစ္စတန် ရဲ တပ်ဖွဲ့ ဝင် ၃၀ ကို သတ်ဖြတ်ခဲ့

တာလီဘန် သူပုန်အဖွဲ့ဟာ နိုင်ငံအနောက်ပိုင်း ဖာရက်မြို့ရှိ ရဲစခန်းကို တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင်ပေါင်း ၃၀ သေဆုံးသွားခဲ့တယ်လို့ အာဖန်ဂန်နစ္စတန် အစိုးရတာဝန်ရှိသူက ပြောပါတယ်။

တာလီဘန် သူပုန်အဖွဲ့ဟာ နေစဉ်ရက်ဆက် အစိုးရတပ်ဖွဲ့တွေနဲ့ ရဲစခန်းတွေကို တိုက်ခိုက်နေရာ အခုသေဆုံးမှု ဟာ အသေဆုံးအများဆုံး ဖြစ်ပါတယ်။

တာလီဘန်အဖွဲ့ရဲ့ တိုက်ခိုက်မှုတွေကြောင့် တစ်နေ့ကို ရဲ၊ စစ်သားတို့ သေဆုံးမှု ဒါမှမဟုတ် ဒဏ်ရာရမှု အနည်းဆုံး ၄၅ ဦးရှိကြောင်း ခန့်မှန်းခဲ့ပါတယ်။ မြို့ကောင်စီဝင် ကွာနီက တာလီဘန်သူပုန်အဖွဲ့ဟာ ဖာရက်မြို့ ရဲစခန်းကို နိုဝင်ဘာ ၁၅ ရက်နေ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၄ နာရီကြာ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)