
0
266





>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရထားထွက်ရမယ့် အချိန်ထက် ၂၀ စက္ကန့် စောထွက်ခဲ့မှု ပြန်တောင်းပန်

ဂျပန်နိုင်ငံ ရထားစီမံခန့်ခွဲမှု ကုမ္ပဏီတစ်ခုက သတ်မှတ်ချိန်ထက် ၂၀ စက္ကန့်စောပြီး ရထားထွက်ခွာခဲ့မှုနဲ့ ပတ်သက်လို့ ပြန်တောင်းလိုက်ပါတယ်။

တိုကျိုမြို့၊ ဆုကုဘ အိက်စ်ပရက်စ် ကုမ္ပဏီက ရထားတစ်စီးဟာ နိုဝင်ဘာ ၁၄ ရက်နေ့က သတ်မှတ်ချိန်ထက် စောပြီး ရထား ထွက်ခဲ့ပါတယ်။ အဲဒီလို ရထားချိန်စောပြီး ထွက်ခွာမှုအတွက် တိုင်တန်းမှုတွေ မရှိခဲ့ပေမယ့် ကုမ္ပဏီကတော့ ပြန်တောင်းပန်ခဲ့ပါတယ်။

ရထားစီးခရီးသွားတွေရဲ့ ယုံကြည်မှု အားနည်းစေမယ့် ဝန်ဆောင်မှုအတွက် စိတ်မကောင်းဖြစ်ရပါတယ်၊ ရထားဝန်ထမ်းတွေဟာ ရထား ထွက်ရမယ့်အချိန်ကို စစ်ဆေးတာမျိုး မရှိခဲ့ဘူးလို့ ကုမ္ပဏီက ပြောပါတယ်။ အဲဒီရထား ကုမ္ပဏီက ရထားတွေဟာ တိုကျိုမြို့ အာကီဟာဘာရာ ကနေ အီဘာရာကီ စီရင်စုဒေသ ရှိ ဆူကူဘာကို ဆက်သွယ်ပြေးဆွဲမှုတွေလုပ်နေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)