ေတာင္ကိုရီးယားမွာ ႏုိင္ငံအတြင္း ဒုတိယ အင္အားအျပင္းဆံုး ငလ်င္လႈပ္

0
398

ေတာင္ကိုရီးယားႏုိင္ငံမွာ မေန႔က ႏုိဝင္ဘာ  ၁၅ ရက္ေန႔က  သမုိင္းတစ္ေလွ်ာက္ ဒုတိယ အင္အားအျပင္းထန္ဆံုး ငလ်င္လႈပ္ခတ္ခဲ့လို႔ အနည္းဆံုး လူေပါင္း ၅၇ ဦး ဒဏ္ရာရခဲ့ၿပီး  အိမ္ေပါင္း  ၁၅၀၀ ပ်က္စီးခဲ့ပါတယ္။  

ငလ်င္ဟာ ပိုဟန္ၿမိဳ႕မွာ လႈပ္ခတ္ခဲ့တာျဖစ္ၿပီး ေနာက္ဆက္တြဲ ငလ်င္ေတြလည္း လႈပ္ခတ္ခဲ့ပါတယ္။ ငလ်င္ဟာ ျပင္းအား ၅ ဒသမ ၄ မဂၢနီက်ဴ အဆင့္ရွိၿပီး သမုိင္းတစ္ေလွ်ာက္မွာ ဒုတိယ အင္အားအျပင္းဆံုးလို႔ ေတာင္ကိုရီးယား ဘူမိေဗဒ ပညာရွင္ေတြက ေျပာပါတယ္။  

ငလ်င္လႈပ္ခတ္မႈေၾကာင့္ ႏိုင္ငံတဝန္း ေျဖဆုိဖုိ႔ ရွိေနတဲ့ ေကာလိပ္ဝင္ခြင့္ စာေမးပြဲေတြကို ဆုိင္းငံ့ထားရပါတယ္။  ၿပီးခဲ့တဲ့ႏွစ္က ဂ်ီေယာင္ဂ်ဳၿမိဳ႕မွာ ျပင္းအား ၅ ဒသမ ၈ မဂၢနီက်ဴအဆင့္ရွိ ငလ်င္လႈတ္ခတ္ခဲ့ၿပီး အဲဒီငလ်င္ဟာ ႏုိင္ငံမွာ အင္အားအျပင္းဆံုး ငလ်င္လႈတ္ခတ္မႈျဖစ္ခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တောင်ကိုရီးယားမှာ နိုင်ငံအတွင်း ဒုတိယ အင်အားအပြင်းဆုံး ငလျင်လှုပ်

တောင်ကိုရီးယားနိုင်ငံမှာ မနေ့က နိုဝင်ဘာ ၁၅ ရက်နေ့က သမိုင်းတစ်လျှောက် ဒုတိယ အင်အားအပြင်းထန်ဆုံး ငလျင်လှုပ်ခတ်ခဲ့လို့ အနည်းဆုံး လူပေါင်း ၅၇ ဦး ဒဏ်ရာရခဲ့ပြီး အိမ်ပေါင်း ၁၅၀ဝ ပျက်စီးခဲ့ပါတယ်။

ငလျင်ဟာ ပိုဟန်မြို့မှာ လှုပ်ခတ်ခဲ့တာဖြစ်ပြီး နောက်ဆက်တွဲ ငလျင်တွေလည်း လှုပ်ခတ်ခဲ့ပါတယ်။ ငလျင်ဟာ ပြင်းအား ၅ ဒသမ ၄ မဂ္ဂနီကျူ အဆင့်ရှိပြီး သမိုင်းတစ်လျှောက်မှာ ဒုတိယ အင်အားအပြင်းဆုံးလို့ တောင်ကိုရီးယား ဘူမိဗေဒ ပညာရှင်တွေက ပြောပါတယ်။

ငလျင်လှုပ်ခတ်မှုကြောင့် နိုင်ငံတဝန်း ဖြေဆိုဖို့ ရှိနေတဲ့ ကောလိပ်ဝင်ခွင့် စာမေးပွဲတွေကို ဆိုင်းငံ့ထားရပါတယ်။ ပြီးခဲ့တဲ့နှစ်က ဂျီယောင်ဂျုမြို့မှာ ပြင်းအား ၅ ဒသမ ၈ မဂ္ဂနီကျူအဆင့်ရှိ ငလျင်လှုတ်ခတ်ခဲ့ပြီး အဲဒီငလျင်ဟာ နိုင်ငံမှာ အင်အားအပြင်းဆုံး ငလျင်လှုတ်ခတ်မှုဖြစ်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)