
0
423




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

လီယိုနာဒို ဒါဗင်ချီရဲ့ ယေရှုပုံ ပန်းချီကားလေလံ ဒေါ်လာ သန်း ၄၅၀ ရရှိ

လီယိုနာဒို ဒါဗင်ချီ ရေးဆွဲခဲ့တဲ့ ယေရှုခရစ်တော်ရဲ့ပုံကို မနေ့ နိုဝင်ဘာ ၁၅ ရက်နေ့က အမေရိကန်၊ နယူးယောက်မြို့မှာ လေလံတင်ရောင်းချခဲ့ရာ အမေရိကန် ဒေါ်လာ သန်း ၄၅၀ ရရှိခဲ့ပါတယ်။

လေလံတင်တဲ့ ခရစ္စတီက ဒေါ်လာ သန်း ၁၀ဝ နဲ့ ရောင်းချရမယ်လို့ ခန့်မှန်းထားခဲ့ပေမယ့် လေးဆလောက် ပိုရခဲ့တာဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ် မေလတုန်းက ပါဘလို ပီကာဆိုရဲ့ “Les Femmes D‘Alger” ပန်းချီကား အမေရိကန် ဒေါ်လာ ၁၇၉ သန်းနဲ့ ရောင်းချရမှုစံချိန်ကို ကျော်လွန်သွားတာ ဖြစ်ပါတယ်။

“ဆယ်လ်ဗာတာ မွန်ဒီ” (ကမ္ဘာကြီးရဲ့ ကယ်တင်ရှင်) လို့အမည်ပေးထားတဲ့ အဲဒီ ပန်းချီကားကို လေလံပွဲ ပိတ်တော့မယ် အချိန်အနည်းငယ် အလိုမှာ အမည်မသိသူတစ်ဦးက ဖုန်းဆက်ပြီး ဝယ်ယူသွားတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)