ဇင္ဘာေဘြမွာ ၾကားျဖတ္အစိုးရ ဖြဲ႔ဖို႔ျပင္

0
361

အာဏာသိမ္းတာ မဟုတ္ဘဲ အႏၱရာယ္ရွိသူေတြကို ရွင္းလင္းတာသာ ျဖစ္တယ္လို႔ စစ္တပ္က ျငင္းဆိုေနတဲ့ ဇင္ဘာေဘြႏိုင္ငံမွာ ၾကားျဖတ္အစိုးရဖြဲ႔ဖို႔ ျပင္ဆင္ေနၿပီ ျဖစ္ပါတယ္။

မေန႔က ႏိုဝင္ဘာ ၁၅ ရက္ေန႔မွာ စစ္တပ္ဟာ တင့္ကားေတြနဲ႔ ႏိုင္ငံတဝန္းလွည့္ေနၿပီး သမၼတ ေရာဘတ္ မူဂါဘီနဲ႔ သမၼတ ကေတာ္ ဂေရ႕စ္ကို ေနအိမ္အက်ယ္ခ်ဳပ္ ခ်ကာ အစိုးရအာဏာကို စစ္တပ္က လႊဲယူခဲ့ပါတယ္။

ႏိုင္ငံတကာ အစိုးရေတြနဲ႔ အဖြဲ႔စည္းေတြကေတာ့ တံု႔ျပန္မႈေတြ မလုပ္ေသးဘဲ အေျခအေနကို ေစာင့္ၾကည့္ေနၾကပါတယ္။

အတိုက္အခံ ေခါင္းေဆာင္ျဖစ္ၿပီး အရင္ ဒုသမၼတ အျဖစ္ တာဝန္ထမ္းေဆာင္ခဲ့တဲ့ ေမာ္ဂန္ စဗန္ဂီ႐ိုင္းကေတာ့ တျခား ျပည္ေျပး ဝန္ႀကီးႏွစ္ဦးနဲ႔အတူ ႐ုရွားႏိုင္ငံကေန ဇင္ဘာေဘြကို ျပန္လာေနပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဇင်ဘာဘွေမှာ ကြားဖြတ်အစိုးရ ဖွဲ့ဖို့ပြင်

အာဏာသိမ်းတာ မဟုတ်ဘဲ အန္တရာယ်ရှိသူတွေကို ရှင်းလင်းတာသာ ဖြစ်တယ်လို့ စစ်တပ်က ငြင်းဆိုနေတဲ့ ဇင်ဘာဘွေနိုင်ငံမှာ ကြားဖြတ်အစိုးရဖွဲ့ဖို့ ပြင်ဆင်နေပြီ ဖြစ်ပါတယ်။

မနေ့က နိုဝင်ဘာ ၁၅ ရက်နေ့မှာ စစ်တပ်ဟာ တင့်ကားတွေနဲ့ နိုင်ငံတဝန်းလှည့်နေပြီး သမ္မတ ရောဘတ် မူဂါဘီနဲ့ သမ္မတ ကတော် ဂရေ့စ်ကို နေအိမ်အကျယ်ချုပ် ချကာ အစိုးရအာဏာကို စစ်တပ်က လွှဲယူခဲ့ပါတယ်။ နိုင်ငံတကာ အစိုးရတွေနဲ့ အဖွဲ့စည်းတွေကတော့ တုံ့ပြန်မှုတွေ မလုပ်သေးဘဲ အခြေအနေကို စောင့်ကြည့်နေကြပါတယ်။

အတိုက်အခံ ခေါင်းဆောင်ဖြစ်ပြီး အရင် ဒုသမ္မတ အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ မော်ဂန် စဗန်ဂီရိုင်းကတော့ တခြား ပြည်ပြေး ဝန်ကြီးနှစ်ဦးနဲ့အတူ ရုရှားနိုင်ငံကနေ ဇင်ဘာဘွေကို ပြန်လာနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)