သမၼတ ထရမ့္ကို ေသဒဏ္ေပးသင့္တယ္လို႔ ေျမာက္ကိုရီးယား ေျပာ

0
324

ကင္ဂ်ံဳအန္ဟာ “ရက္စက္တဲ့ အာဏာရွင္” ျဖစ္ၿပီး “ဂ်ပု ဖက္တီး” ျဖစ္တယ္လို႔ အေမရိကန္ သမၼတ ေဒၚနယ္ ထရမ့္က ေျပာဆိုလိုက္ၿပီးေနာက္ သမၼတ ထရမ့္ဟာ ေသဒဏ္နဲ႔ ထိုက္တန္တယ္လို႔ ေျမာက္ကိုရီးယား အစိုးရသတင္းစာက ေဝဖန္လိုက္ပါတယ္။

ေတာင္ကိုရီးယားနဲ႔ ေျမာက္ကိုရီးယား နယ္စပ္ စစ္မဲ့ဇုန္ကို လာေရာက္မယ့္ ခရီးစဥ္ ဖ်က္သိမ္းခဲ့တဲ့အတြက္ သမၼတ ထရမ့္ဟာ သူရဲေဘာေၾကာင္တဲ့သူ ျဖစ္ၿပီး အက်ည္းတန္တဲ့ ရာဇဝတ္ေကာင္လို႔ ေျမာက္ကိုရီးယားက ပုတ္ခတ္ေျပာဆိုထားပါတယ္။

ေျမာက္ကိုရီးယား ပါတီအာေဘာ္ သတင္းစာ ႐ိုဒန္ ဆင္မြန္ရဲ႕ အယ္ဒီတာ့အာေဘာ္မွာ ေရးသားထားတာ ျဖစ္ၿပီး သူတို႔ရဲ႕ ထိပ္သီးေခါင္းေဆာင္ရဲ႕ ဂုဏ္သိကၡာကို အႏၱရာယ္ျပဳ ထိခိုက္ေအာင္ ျပဳမူရဲတာဟာ လံုးဝ ခြင့္မလႊတ္ႏိုင္တဲ့ အဆိုးဆံုးရာဇဝတ္မႈလို႔လည္း ေရးထားပါေသးတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

သမ္မတ ထရမ့်ကို သေဒဏ်ပေးသင့်တယ်လို့ မြောက်ကိုရီးယား ပြော

ကင်ဂျုံအန်ဟာ “ရက်စက်တဲ့ အာဏာရှင်” ဖြစ်ပြီး “ဂျပု ဖက်တီး” ဖြစ်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်က ပြောဆိုလိုက်ပြီးနောက် သမ္မတ ထရမ့်ဟာ သေဒဏ်နဲ့ ထိုက်တန်တယ်လို့ မြောက်ကိုရီးယား အစိုးရသတင်းစာက ဝေဖန်လိုက်ပါတယ်။

တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယား နယ်စပ် စစ်မဲ့ဇုန်ကို လာရောက်မယ့် ခရီးစဉ် ဖျက်သိမ်းခဲ့တဲ့အတွက် သမ္မတ ထရမ့်ဟာ သူရဲဘောကြောင်တဲ့သူ ဖြစ်ပြီး အကျည်းတန်တဲ့ ရာဇဝတ်ကောင်လို့ မြောက်ကိုရီးယားက ပုတ်ခတ်ပြောဆိုထားပါတယ်။

မြောက်ကိုရီးယား ပါတီအာဘော် သတင်းစာ ရိုဒန် ဆင်မွန်ရဲ့ အယ်ဒီတာ့အာဘော်မှာ ရေးသားထားတာ ဖြစ်ပြီး သူတို့ရဲ့ ထိပ်သီးခေါင်းဆောင်ရဲ့ ဂုဏ်သိက္ခာကို အန္တရာယ်ပြု ထိခိုက်အောင် ပြုမူရဲတာဟာ လုံးဝ ခွင့်မလွှတ်နိုင်တဲ့ အဆိုးဆုံးရာဇဝတ်မှုလို့လည်း ရေးထားပါသေးတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)