
0
320




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဂရိ ရေကြီးမှု ၁၄ ဦးသေဆုံး

ဂရိနိုင်ငံ၊ အေသင်မြို့ အနာက်ဘက်ပိုင်းမှာ ရေကြီးမှုဖြစ်ပွားနေလို့ အနည်းဆုံး သေဆုံးသူ ၁၄ ဦးအထိ မြင့်တက်လာခဲ့ပါတယ်။

မန်ဒရာမြို့အနီးမှာ တွေ့ရှိခဲ့တဲ့ အမျိုးသမီးလေးဦးနဲ့ အမျိုးသား ရှစ်ဦးရဲ့ အလောင်း ၁၂ လောင်းကို ကယ်ဆယ်ရေးအဖွဲ့တွေက ဆယ်ယူခဲ့ပါတယ်။ နောက်ထပ် ပင်လယ်ထဲမြောပါလာတဲ့ အမျိုးသား နှစ်ဦးရဲ့ ရုပ်အလောင်းကို ကမ်းခြေစောင့်တပ်တွေက တွေ့ရှိခဲ့ပါတယ်။

အေသင်မြို့အနောက်ဘက်မှာ မနေ့က နိုဝင်ဘာ ၁၅ ရက် ညဘက်အတွင်း မုန်တိုင်းတိုက်ခတ်ခဲ့တာဖြစ်ပြီး နေအိမ်တွေ၊ စီးပွားရေး အဆောက်အဦးတွေနဲ့ လမ်းမတွေ ရေလွှမ်းမိုးခံရကာ ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)