
0
850




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အိန္ဒိယ ဂုရုကို လူသတ်မှုတွေနဲ့ ထောင်ဒဏ် တစ်သက်တစ်ကျွန်းချမှတ်

အိန္ဒိယနိုင်ငံမှာ ဂုရုအဖြစ် ကိုယ်တိုင် ခံယူထားသူ ရမ်ပယ်လ်ဟာ ၂၀၁၄ ခုနှစ်မှာ အမျိုးသမီး လေးဦးနဲ့ ၁၈ လအရွယ် အလေးငယ်တို့ကို သတ်မှုနဲ့ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်လိုက်ပါတယ်။

အိန္ဒိယနိုင်ငံ၊ ဟာယာနာပြည်နယ် တရားရုံးက ဂုရု ရမ်ပယ်လ်ကို အခုလို ထောင်ဒဏ် ချမှတ်လိုက်တာ ဖြစ်ပါတယ်။ နောက်ထပ် လူသတ်မှုတစ်ခုကိုလည်း ကျူးလွန်ထားကြောင်း ပြစ်မှုထင်ရှားတဲ့အတွက် မနက်ဖြန် အောက်တိုဘာလ ၁၇ ရက်နေ့မှာ အမိန့်ထပ်မံ ချမှတ်ဦးမှာ ဖြစ်ပါတယ်။

ဂုရု ရမ်ပယ်လ်ဟာ အိန္ဒိယနိုင်ငံ တစ်ဝန်းမှာ တပည့်နောက်လိုက် သိန်းချီရှိပြီး ဘာသာရေး ကျောင်းခွဲတွေလည်း အများကြီး ရှိပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)