0
1097
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
အမေရိကန် ကျောင်းသူကို ပြည်ဝင်ခွင့်ပေးဖို့ အစ္စရေး လေ့လာရေး ပညာရှင်တွေ တိုက်တွန်း
ဘင်ဂူရီယန်လေဆိပ်မှာ ထိန်းသိမ်းထားတဲ့ အမေရိကန် ကျောင်းသူ လာရာ အယ်လ်ကာဆမ်ကို အစ္စရေးနိုင်ငံထဲ ဝင်ခွင့်ပေးဖို့ နိုင်ငံတကာ အစ္စရေး လေ့လာရေး ပညာရှင်များအသင်းက တိုက်တွန်းလိုက်ပါတယ်။
အစ္စရေးအပေါ် သပိတ်မှောက်ရေး၊ ရင်းနှီးမြှုပ်နှံမှု မလုပ်ရေးနဲ့ ပိတ်ဆို့အရေးယူရေးဆိုတဲ့ BDS လှုပ်ရှားမှု ထာက်ခံသူတွေကို အစ္စရေးနိုင်ငံထဲ ပေးမဝင်ရေး မနှစ်က ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေအရ BDS ကို ထောက်ခံတဲ့ ကျောင်းသူ အယ်လ်ကာဆမ်ကို အစ္စရေးက လေဆိပ်မှာ တားဆီးထားတာ ဖြစ်ပါတယ်။
သူဟာ အောက်တိုဘာ ၂ ရက်နေ့က အစ္စရေးလေဆိပ်ကို ရောက်လာတာ ဖြစ်ပါတယ်။ နိုင်ငံတကာ အစ္စရေး လေ့လာရေး ပညာရှင်များအသင်းဥက္ကဋ္ဌ ရော်ဘင်ဆင် ဒီဗိုင်းက အစ္စရေးအပေါ် သပိတ်မှောက်မှုကို ကန့်ကွက်ကြောင်း၊ လူတွေကို အစ္စရေးနိုင်ငံအတွင်း ေ့လာစေတာက သပိတ်မှောက်တာကို တိုက်ဖျက်အဖို့အတွက် အကောင်းဆုံးနည်းလမ်းဖြစ်ကြောင်း ပြောပါတယ်။
COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)