အီရန္လံုၿခံဳေရး တပ္ဖြဲ႔ဝင္ ၁၄ ဦးကို အၾကမ္းဖက္အဖြဲ႕ ျပန္ေပးဆြဲ

0
171

ပါကစၥတန္နယ္စပ္မွာ ဒီေန႔ ေအာက္တိုဘာ ၁၆ ရက္ေန႔က အီရန္လံုၿခံဳေရး တပ္ဖြဲ႕ဝင္ ၁၄ ဦးကို အၾကမ္းဖက္အဖြဲ႔တစ္ဖြဲ႔က ျပန္ေပးဆြဲခဲ့ပါတယ္။

မနက္ ၅ နာရီေလာက္က လူလက္ဒန္ နယ္စပ္ဧရိယာမွာ အၾကမ္းဖက္အဖြဲ႔ဝင္ေတြက ျပန္ေပးဆြဲသြားတာလို႔ အီရန္က တရားဝင္ ထုတ္ျပန္ပါတယ္။ ၿပီးခဲ့တဲ့လေတြကစၿပီး လက္နက္ကိုင္ ဆြန္နီ မြတ္စလင္ ခြဲထြက္ေရး အုပ္စုေတြဟာ အီရန္ အေရွ႕ပိုင္း နယ္စပ္မွာ လံုၿခံဳေရးတပ္ဖြဲ႔ေတြကို ပစ္မွတ္ထား တိုက္ခိုက္မႈေတြ လုပ္ခဲ့ပါတယ္။

လူလက္ဒန္ေဒသဟာ စစၥတန္ ဘလူခ်ီစတန္ထဲမွာ ရွိၿပီး ဆြန္နီမြတ္စလင္ေတြ ႀကီးစိုးတဲ့ ေနရာျဖစ္ကာ ခြဲထြက္ေရး စစ္ေသြးၾကြေတြနဲ႔ မူးယစ္ေဆး ေမွာင္ခိုဂိုဏ္းေတြ ရွိေနပါတယ္။ ၿပီးခဲ့တဲ့ စက္တင္ဘာလမွာ အီရန္လံုၿခံဳေရးတပ္ဖြဲ႔ေတြကို တိုက္ခိုက္ေနတဲ့ အၾကမ္းဖက္ ဒုတိယ ေခါင္းေဆာင္ ဂ်ိဳက္ အယ္လ္ အဒယ္ အပါအဝင္ ဆြန္နီ မြတ္စလင္ စစ္ေသြးေၾကြ ေလးဦးကို အီရန္က သုတ္သင္ခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အီရန်လုံခြုံရေး တပ်ဖွဲ့ဝင် ၁၄ ဦးကို အကြမ်းဖက်အဖွဲ့ ပြန်ပေးဆွဲ

ပါကစ္စတန်နယ်စပ်မှာ ဒီနေ့ အောက်တိုဘာ ၁၆ ရက်နေ့က အီရန် လုံခြုံရေး တပ်ဖွဲ့ဝင် ၁၄ ဦးကို အကြမ်းဖက်အဖွဲ့တစ်ဖွဲ့က ပြန်ပေးဆွဲခဲ့ပါတယ်။

မနက် ၅ နာရီလောက်က လူလက်ဒန် နယ်စပ်ဧရိယာမှာ အကြမ်းဖက်အဖွဲ့ဝင်တွေက ပြန်ပေးဆွဲသွားတာလို့ အီရန်က တရားဝင် ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့လတွေကစပြီး လက်နက်ကိုင် ဆွန်နီ မွတ်စလင် ခွဲထွက်ရေး အုပ်စုတွေဟာ အီရန် အရှေ့ပိုင်း နယ်စပ်မှာ လုံခြုံရေးတပ်ဖွဲ့တွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေ လုပ်ခဲ့ပါတယ်။

လူလက်ဒန်ဒေသဟာ စစ္စတန် ဘလူချီစတန်ထဲမှာ ရှိပြီး ဆွန်နီမွတ်စလင်တွေ ကြီးစိုးတဲ့ နေရာဖြစ်ကာ ခွဲထွက်ရေး စစ်သွေးကြွတွေနဲ့ မူးယစ်ဆေး မှောင်ခိုဂိုဏ်းတွေ ရှိနေပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလမှာ အီရန်လုံခြုံရေးတပ်ဖွဲ့တွေကို တိုက်ခိုက်နေတဲ့ အကြမ်းဖက် ဒုတိယ ခေါင်းဆောင် ဂျိုက် အယ်လ် အဒယ် အပါအဝင် ဆွန်နီ မွတ်စလင် စစ်သွေးကြွေ လေးဦးကို အီရန်က သုတ်သင်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)