မိုက္ခ႐ိုေဆာ့ဖ္ကို ပူးတြဲတည္ေထာင္သူ ေပါလ္ အလန္ ကြယ္လြန္

0
764

မိုက္ခ႐ိုေဆာ့ဖ္ကို ဘီလ္ ဂိတ္နဲ႔အတူ ပူးတြဲတည္ေထာင္သူ ဘီလ်ံနာ စီးပြားေရးလုပ္ငန္းရွင္ ေပါလ္အလန္ (၆၅ ႏွစ္)ဟာ ေသြးကင္ဆာနဲ႔ ကြယ္လြန္သြားၿပီ ျဖစ္ပါတယ္။

၂၀၀၉ ခုႏွစ္တုန္းက ကုသမႈ ခံယူဖူးတဲ့ ေသြးကင္ဆာ ေရာဂါတစ္မ်ိဳး ျပန္ျဖစ္ေနတယ္လို႔ မကြယ္လြန္ခင္ သီတင္း ႏွစ္ပတ္တုန္းက ေပါလ္ အလန္က ထုတ္ေဖာ္ေျပဆိုခဲ့ၿပီး သူေရာ၊ သူ႔ဆရာဝန္ကပါ ဆိုးရြားတဲ့အဆင့္ ေရာက္မယ္လို႔ မထင္ခဲ့ၾကပါဘူး။ အခ်ိန္အၾကာဆံုးနဲ႔ အရင္းႏွီးဆံုး မိတ္ေဆြတစ္ဦးျဖစ္တဲ့ ေပါလ္ အလန္ ကြယ္လြန္မႈအတြက္ ဝမ္းနည္းေၾကကြဲရေၾကာင္းနဲ႔ တစ္ကိုယ္ရည္သံုး ကြန္ပ်ဴတာဟာ သူမပါဘဲ ျဖစ္လာခဲ့မွာ မဟုတ္ဘူးလို႔ ဘီလ္ဂိတ္က ေျပာပါတယ္။

အဓိက အားကစားအသင္း ႏွစ္သင္းျဖစ္တဲ့ NFL က ဆီယက္တဲလ္ ဆီးေဟာ့ခ္နဲ႔ NBA က ပို႔တ္လန္း ထေရး အသင္းတို႔ကို ပိုင္ဆိုင္တဲ့ အလန္ဟာ လုပ္ကိုင္ေနဆဲ လူမႈလုပ္ငန္းေတြ၊ စီမံကိန္းေတြ က်န္ရစ္ခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မိုက်ခရိုဆော့ဖ်ကို ပူးတွဲတည်ထောင်သူ ပေါလ် အလန် ကွယ်လွန်

မိုက်ခရိုဆော့ဖ်ကို ဘီလ်ဂိတ်နဲ့အတူ ပူးတွဲတည်ထောင်သူ ဘီလျံနာ စီးပွားရေးလုပ်ငန်းရှင် ပေါလ်အလန် (၆၅ နှစ်)ဟာ သွေးကင်ဆာနဲ့ ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။

၂၀ဝ၉ ခုနှစ်တုန်းက ကုသမှု ခံယူဖူးတဲ့ သွေးကင်ဆာ ရောဂါတစ်မျိုး ပြန်ဖြစ်နေတယ်လို့ မကွယ်လွန်ခင် သီတင်း နှစ်ပတ်တုန်းက ပေါလ် အလန်က ထုတ်ဖော်ပြေဆိုခဲ့ပြီး သူရော၊ သူ့ဆရာဝန်ကပါ ဆိုးရွားတဲ့အဆင့် ရောက်မယ်လို့ မထင်ခဲ့ကြပါဘူး။ အချိန်အကြာဆုံးနဲ့ အရင်းနှီးဆုံး မိတ်ဆွေတစ်ဦးဖြစ်တဲ့ ပေါလ် အလန် ကွယ်လွန်မှုအတွက် ဝမ်းနည်းကြေကွဲရကြောင်းနဲ့ တစ်ကိုယ်ရည်သုံး ကွန်ပျူတာဟာ သူမပါဘဲ ဖြစ်လာခဲ့မှာ မဟုတ်ဘူးလို့ ဘီလ်ဂိတ်က ပြောပါတယ်။

အဓိက အားကစားအသင်း နှစ်သင်းဖြစ်တဲ့ NFL က ဆီယက်တဲလ် ဆီးဟော့ခ်နဲ့ NBA က ပို့တ်လန်း ထရေး အသင်းတို့ကို ပိုင်ဆိုင်တဲ့ အလန်ဟာ လုပ်ကိုင်နေဆဲ လူမှုလုပ်ငန်းတွေ၊ စီမံကိန်းတွေ ကျန်ရစ်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)