
0
365






>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အီရတ် အစိုးရ တပ်တွေနဲ့ ကာဒ်လက်နက်ကိုင်အဖွဲ့တွေတိုက်ခိုက်မှုဖြစ်

အီရတ် အစိုးရတပ်ဖွဲ့တွေနဲ့ ကာဒစ် လက်နက်ကိုင်အဖွဲ့တွေကြား ပြီးခဲ့တဲ့ရက်ပိုင်းမှာတိုက်ခိုက်မှုတွေဖြစ်ခဲ့ပါတယ်။
အီရတ်အစိုးရ ဟာ ကာဒ့်တွေထိန်းချုပ်ထားတဲ့ ကီကူ ဒေသဆီကို တပ်ဖွဲ့တွေ စေလွတ်ပြီးနောက် မကြာမီမှာပဲ တိုက်ခိုက်မှုတွေဖြစ်ခဲ့တာဖြစ်ပါတယ်။

အိရတ် အစိုးရ တပ်ဖွဲ့တွေ ဟာ ရေနံ လုပ်ကွက်တွေအပါဝင်နေရာအချို့ကို ထိန်းချုပ်နိုင်ခဲ့တယ်လို့ အစိုးရပိုင်ရုပ်သံကဖော်ပြခဲ့ပေမယ့် ကာဒ်တွေက ငြင်းဆိုခဲ့ပါတယ်။

အပြန်လှန်ပစ်ခတ်မှုတွေဖြစ်ခဲ့ပြီး တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ စိုးရိမ်ရတယ်လို့ အမေရိကန်ကပြောပါတယ်။ အမေရိကန်က ကာဒ့် နဲ့ အီရတ် အစိုးရတပ်ဖွဲ့တွေကြားဆွေးနွေးမှုတွေလုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။ ကာဒ့်တွေဟာ ကိုယ်ပိုင်လွတ်လပ်ရေးရယူနိုင်ဖို့ ပြီးခဲ့တဲ့လမှာ ဆန္ဒခံယူပွဲလုပ်ခဲ့လို့ အစိုးရ နဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေဖြစ်ခဲ့ပါတယ်။

အီရတ်ဝန်ကြီးချုပ် အယ်ဘာဒီက ဆန္ဒခံယူပွဲ ဟာ ဖွဲစည်းပုံအခြေခံဥပဒေ နဲ့မညီဘူးလို့ ပြောခဲ့ပေမယ့် ကာဒ်ဒေသအစိုးရကတော့ ဆန္ဒခံယူပွဲ ဟာ တရားဝင်ပြီး အစိုးရနဲ့ဆွေးနွေးသွားမယ်လို့ ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)