မာရာဝီၿမိဳ႕ ကိုသိမ္းပိုက္ထားတဲ့ဖိလစ္ပိုင္ စစ္ေသြးၾကြေခါင္းေဆာင္ ေသဆံုး

0
364

IS  စစ္ေသြးၾကြအဖြဲ႔နဲ႔ ဆက္ႏြယ္မႈ ရွိတဲ့ ဖိလစ္ပိုင္ႏုိင္ငံမာရာဝီၿမိဳ႕ စစ္ေသြးၾကြအဖြဲ႔ ေခါင္းေဆာင္  အစ္နီလြန္ဟာပီလြန္ ဟာ      မာရာဝီၿမိဳ႕မွာျဖစ္ခဲ့တဲ့တုိက္ခိုက္မႈေတြထဲမွာေသဆံုးသြားခဲ့တယ္လို႔ ဖိလစ္ပိုင္ ကာကြယ္ေရးဝန္ႀကီးကေျပာပါတယ္။

ဟာပီလြန္ဟာ အေ မရိကန္ အစိုးရက အလို ရွိေနတဲ့ အၾကမ္းဖက္ သမားတစ္ဦးျဖစ္ၿပီး IS စစ္ေသြးၾကြအဖြဲ႔ရဲ႕အေရွေတာင္ အာရွဆုိင္ရာစစ္ေသြးၾကြေခါင္းေဆာင္တစ္ဦးလည္းျဖစ္ပါတယ္။

 ဖိလစ္ပိုင္ ကာကြယ္ေရးဝန္ႀကီး ဒယ္လ္ဖင္ လိုရန္ဇာမာက   ေမလက ျဖစ္ခဲ့တဲတုိက္ခိုက္မႈေတြထဲမွာ ေခါင္းေဆာင္ျဖစ္သူ ဟာပီလြန္နဲ႔အျခားေခါင္းေဆာင္ေတြေသဆံုးသြားခဲ့တယ္လုိ႔ေျပာခဲ့ပါတယ္။

ဟာပီလြန္အ တြက္ အေမရိကန္ႏုိင္ငံ ဟာ ဆုေငြ ၅ သန္းထုတ္ထားၿပီး  သူ ဟာ IS အဖြဲ႔အျပင္ ဖိလစ္ပိုင္ အဘူေဆးယက္စစ္ေသြးၾကြအုပ္စု ထိပ္တန္းေခါင္းေဆာင္တစ္ဦးတာဝန္ပါယူထားတယ္လို႔ ဖိလစ္ပုိင္သတင္းေတြကေဖာ္ျပပါတယ္။

စစ္ေသြးၾကြအုပ္စုေတြ ဟာ  ဖိလစ္ပိုင္ႏုိင္ငံ မာရာဝီၿမိဳ႕ကို တိုက္ခုိက္သိမ္းပိုက္ထားၿပီးလက္ရွိအခ်ိန္မွာ အစိုးရအဖြဲ႔ေတြနဲ႔ စစ္ေသြးၾကြအဖြဲ႔ေတြၾကားတုိက္ခိုက္မႈေတြျဖစ္ေနဆဲျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မာရာဝီမြို့ ကိုသိမ်းပိုက်ထားတဲ့ဖိလစ်ပိုင် စစ်သွေးကြွခေါင်းဆောင် သေဆုံး

IS စစ်သွေးကြွအဖွဲ့နဲ့ ဆက်နွယ်မှု ရှိတဲ့ ဖိလစ်ပိုင်နိုင်ငံမာရာဝီမြို့ စစ်သွေးကြွအဖွဲ့ ခေါင်းဆောင် အစ်နီလွန်ဟာပီလွန် ဟာ မာရာဝီမြို့မှာဖြစ်ခဲ့တဲ့တိုက်ခိုက်မှုတွေထဲမှာသေဆုံးသွားခဲ့တယ်လို့ ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီးကပြောပါတယ်။

ဟာပီလွန်ဟာ အေ မရိကန် အစိုးရက အလို ရှိနေတဲ့ အကြမ်းဖက် သမားတစ်ဦးဖြစ်ပြီး IS စစ်သွေးကြွအဖွဲ့ရဲ့အရှေတောင် အာရှဆိုင်ရာစစ်သွေးကြွခေါင်းဆောင်တစ်ဦးလည်းဖြစ်ပါတယ်။

ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီး ဒယ်လ်ဖင် လိုရန်ဇာမာက မေလက ဖြစ်ခဲ့တဲတိုက်ခိုက်မှုတွေထဲမှာ ခေါင်းဆောင်ဖြစ်သူ ဟာပီလွန်နဲ့အခြားခေါင်းဆောင်တွေသေဆုံးသွားခဲ့တယ်လို့ပြောခဲ့ပါတယ်။

ဟာပီလွန်အ တွက် အမေရိကန်နိုင်ငံ ဟာ ဆုငွေ ၅ သန်းထုတ်ထားပြီး သူ ဟာ IS အဖွဲ့အပြင် ဖိလစ်ပိုင် အဘူဆေးယက်စစ်သွေးကြွအုပ်စု ထိပ်တန်းခေါင်းဆောင်တစ်ဦးတာဝန်ပါယူထားတယ်လို့ ဖိလစ်ပိုင်သတင်းတွေကဖော်ပြပါတယ်။

စစ်သွေးကြွအုပ်စုတွေ ဟာ ဖိလစ်ပိုင်နိုင်ငံ မာရာဝီမြို့ကို တိုက်ခိုက်သိမ်းပိုက်ထားပြီးလက်ရှိအချိန်မှာ အစိုးရအဖွဲ့တွေနဲ့ စစ်သွေးကြွအဖွဲ့တွေကြားတိုက်ခိုက်မှုတွေဖြစ်နေဆဲဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)