
0
390





>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အင်ဒိုနီးရှား ဘောလုံးပြိုင်ပွဲအတွင်း ဂိုးသမား လဲကျသေဆုံး

အင်ဒိုနီးရှား အမှတ်ပေးပြိုင်ပွဲအတွင်း ဂိုးသမား ဟူဒါ ဟာ အသင်းဖော်နဲ့တိုက်မီရာမှ လဲကျသေဆုံးသွားခဲ့တယ်လို အင်ဒိုနီးရှား သတင်းစာတွေကဖော်ပြပါတယ်။

ပါဆီလာ အသင်းနဲ့ ဆီမန်ပါဒါန်အသင်းတို့ ကစားတဲ့ပွဲမှာ ဂိုးသမား ဟူဒါ ဟာ ဆီမန်အသင်း တိုက်စစ်ဆင်မှုကို ဟန့်တားရင်း အသင်းဖော်နဲ့ တိုက်မိခဲ့ချိန်မှာ ကွင်းအတွင်း လဲကျသွားခဲ့ပြီး ဆေးရုံကို အရေးပေါ်တင်ပို့ခဲ့ရပါတယ်။

ဆေးရုံရောက်ရှိပြီး မကြာမီမှာပဲ ဂိုးသမား ဟူဒါ ဟာ သေဆုံးသွားခဲ့တယ်လို့ ဆရာဝန် နုဂရိုဟိုကပြောပါတယ်။ ဂိုးသမား ဟူဒါ ဟာ ဝမ်းဗိုက်နဲ့မေးရိုး ကိုထိခိုက်ဒဏ်ရာရသွားရမှာ မူးမေ့လဲကျသွားပြီးနောက် သေဆုံးသွားခဲ့တာဖြစ်တယ်လို့ ပါဆီလာ အသင်းက သတင်းထုတ်ပြန်ခဲ့ပါတယ်။ မူးမေ့လဲသွားပြီးနောက် ဟာဒါကို ပြန်သက်သာစေဖို့ အသင်းဆေးအဖွဲ့က တစ်နာရီကြာ ပြုစုကုသခဲ့ပေမယ့် သတိပြန်လည်လာတာမရှိခဲ့လို့ ဆေးရုံကို တင်ပို့ခဲ့ရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)