ေျမာက္ကိုရီးယား  ရွိ မေလးရွားသံရံုးပိတ္မယ္

0
259

 

မေလးရွား  ဟာ ေျမာက္ကိုရီးယားႏုိင္ငံရွိ မေလးရွားသံရံုးကို ပိတ္ဖြယ္ရွိေနတယ္လုိ႔ မေလးရွား မီဒီယာေတြကေဖာ္ျပပါတယ္။

ေျမာက္ကိုရီးယားအေရး ကိစၥနဲ႔ ပတ္သက္လုိ႔ ေဆာင္ရြက္ရမယ့္အရာေတြကို တရုတ္ႏုိင္ငံ ရွိ မေလးရွားသံရံုးက လြဲေျပာင္းေဆာင္ရြက္ေပးမႈေတြလုပ္သြားမွာလည္းျဖစ္ပါတယ္။

မေလးရွားႏုိင္ငံျခားေရးဝန္ႀကီး  ေအနီဖက္ေအမန္ ဟာ  သံရံုးပိတ္ပင္ဖုိ႔နဲ႔ ပတ္သက္ၿပီး အစိုးရ အဖြဲ႔အစည္း အေဝးအတြင္း တင္ျပထားၿပီး ျဖစ္လုိ႔ မၾကာမီမွာဆံုးျဖတ္သြားမွာျဖစ္ပါတယ္။

မေလးရွား နဲ႔ေျမာက္ကိုရီးယားႏုိင္ငံ ဟာ ၁၉၇၃ ခုႏွစ္ က သံတမန္ဆက္ဆံေရး စတင္ခဲ့ၿပီး ၂၀၀၄ ခုႏွစ္မွာ ေျမာက္ကိုရီယား မွာ မေလးရွားသံရံုး ဖြင့္လွစ္ခဲ့ပါတယ္။

မေလးရွားႏုိင္ငံမွာေျမာက္ကိုရီးယား ေခါင္းေဆာင္ရဲ႕ အကိုျဖစ္သူ ကင္ဂ်ဳံအမ္ လုပ္ၾကံခံရၿပီးေနာက္  ၂ ႏုိင္ငံၾကား ဆက္ဆံေရးအဖုအထစ္ေတြရွိလာခဲၿပီး ေအးဆက္လာခဲ့ပါတယ္။

ကင္ဂ်ဳံနန္ေသဆံုးမႈနဲ႔ပတ္သက္လို႔ အျငင္းပြားမႈေတြရွိခဲ့ၿပီးေျမာက္ကိုရီးယားႏုိင္ငံသားေတြကို မေလးရွားက ႏုိင္ငံအတြင္းကထြက္ခြင့္မေပးခဲ့လို႔ ေျမာက္ကိုရီးယားကလည္း မေလးရွားႏုိင္ငံသားေတြကို ျပည္ပထြက္ခြာမႈကို ပိတ္ပင္ခဲ့မႈေတြရွိခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြောက်ကိုရီးယား ရှိ မလေးရှားသံရုံးပိတ်မယ်

မလေးရှား ဟာ မြောက်ကိုရီးယားနိုင်ငံရှိ မလေးရှားသံရုံးကို ပိတ်ဖွယ်ရှိနေတယ်လို့ မလေးရှား မီဒီယာတွေကဖော်ပြပါတယ်။
မြောက်ကိုရီးယားအရေး ကိစ္စနဲ့ ပတ်သက်လို့ ဆောင်ရွက်ရမယ့်အရာတွေကို တရုတ်နိုင်ငံ ရှိ မလေးရှားသံရုံးက လွဲပြောင်းဆောင်ရွက်ပေးမှုတွေလုပ်သွားမှာလည်းဖြစ်ပါတယ်။
မလေးရှားနိုင်ငံခြားရေးဝန်ကြီး အေနီဖက်အေမန် ဟာ သံရုံးပိတ်ပင်ဖို့နဲ့ ပတ်သက်ပြီး အစိုးရ အဖွဲ့အစည်း အဝေးအတွင်း တင်ပြထားပြီး ဖြစ်လို့ မကြာမီမှာဆုံးဖြတ်သွားမှာဖြစ်ပါတယ်။
မလေးရှား နဲ့မြောက်ကိုရီးယားနိုင်ငံ ဟာ ၁၉၇၃ ခုနှစ် က သံတမန်ဆက်ဆံရေး စတင်ခဲ့ပြီး ၂၀ဝ၄ ခုနှစ်မှာ မြောက်ကိုရီယား မှာ မလေးရှားသံရုံး ဖွင့်လှစ်ခဲ့ပါတယ်။
မလေးရှားနိုင်ငံမှာမြောက်ကိုရီးယား ခေါင်းဆောင်ရဲ့ အကိုဖြစ်သူ ကင်ဂျုံအမ် လုပ်ကြံခံရပြီးနောက် ၂ နိုင်ငံကြား ဆက်ဆံရေးအဖုအထစ်တွေရှိလာခဲပြီး အေးဆက်လာခဲ့ပါတယ်။
ကင်ဂျုံနန်သေဆုံးမှုနဲ့ပတ်သက်လို့ အငြင်းပွားမှုတွေရှိခဲ့ပြီးမြောက်ကိုရီးယားနိုင်ငံသားတွေကို မလေးရှားက နိုင်ငံအတွင်းကထွက်ခွင့်မပေးခဲ့လို့ မြောက်ကိုရီးယားကလည်း မလေးရှားနိုင်ငံသားတွေကို ပြည်ပထွက်ခွာမှုကို ပိတ်ပင်ခဲ့မှုတွေရှိခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)