
0
351




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

နည်းပြ ဘဝကို မန်ယူမှာ ကုန်ဆုံးစေမှာ မဟုတ်ဘူးလို့ နည်းပြမော်ရင်ဟို ပြော

မန်ယူအသင်းနည်းပြမော်ရင်ဟိုက သူရဲ့နည်းပြ ဘဝကို မန်ယူအသင်းမှာ အဆုံးသတ်စေမှာမဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။ နည်းပြမော်ရင်ဟို ဟာ မန်ယူအသင်းကို နှစ်ရာသီမြောက် တာဝန်ယူနေပါတယ်။

မော်ရင်ဟို ဟာ နည်းပြ ဘဝ သက်တမ်းတစ်လျှောက် မှာ အသင်းပေါင်း ၇ သင်းကိုတာဝန်ယူခဲ့ရာ အသင်းတစ်သင်းကို ၄ နှစ်ထက်ပိုပြီးတာဝန်ယူခဲ့တာမရှိခဲ့ပါဘူး၊ မော်ရင်ဟိုဟာ ပြင်သစ် ပီအက်ဂျီနည်းပြအဖြစ်တာဝန်ရလိုမှုတွေရှိနေတယ်လို့ အစောပိုင်းကသတင်းတွေထွက်ခဲ့ပါတယ်။

အင်တာမီလန်နဲ့ ရီးရဲမက်ဒရစ်နည်းပြဟောင်းမော်ရင်ဟိုက သူရဲ့ နည်းပြ ဘဝမှာ ဆန္ဒတွေ နဲ့ ရည်ရွယ်ချက်အသစ်တွေအမြဲတမ်းရှိနေတာကြောင့် မန်ယူအသင်းမှာနည်းပြဘဝကုန်ဆုံးမယ်မထင်ဘူးလို့ ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)