တမန္ေတာ္ မုိဟာမက္ဒ္ကို ေစာ္ကားမႈနဲ႔ ခရစ္ယာန္ဘာသာဝင္တစ္ဦးေသဒဏ္ေပးခံရ

0
357

ပါကစၥတန္ႏိုင္ငံ အေရွ႕ပိုင္း ဂူဂ်ာရတ္ ၿမိဳ႕ တရားရံုး တစ္ရံုး ဟာ လူမူကြန္ရက္မွာ တမန္ေတာ္ မုိဟာမက္ဒ္ကို မေလးမစားျပဳမႈ ခဲ့လို႔            ခရစ္ယာန္ ဘာသာဝင္တစ္ဦးကို ေသဒဏ္ျပစ္ဒဏ္ေပးခဲ့ပါတယ္။

အသက္ ၃၅ ႏွစ္အ ရြယ္ရွိ နာဒင္ ဂ်ိန္းမ္ ဆုိသူ ဟာ  WhatsApp  ကို အသံုးျပဳကာ  တမန္ေတာ္ မုိဟာမက္ဒ္ကို ေလွာင္ေျပာင္မႈေတြ  လုပ္ခဲ့ၿပီး မိတ္ေဆြေတြ ဆီ ျဖန္႔ေဝတာေတြလုပ္ခဲ့လုိ႔ ၂၀၁၆ ခုႏွစ္ ဇူလိုင္လမွာ ဖမ္းဆီးခံရတာပါတယ္။

ပါကစၥတန္ႏုိင္ငံမွာ မြတ္စလင္အမ်ားစုေနထိုင္ၿပီး တမန္ေတာ္ မုိဟာမက္ဒ္ကို ေစာ္ကားမႈ ျပဳလုပ္ရင္ ရာဇာဝတ္မႈအျပစ္ သတ္မွတ္ကာ       ျပင္းထန္တဲ့ ျပစ္ဒဏ္ေပးေလ့ရွိပါတယ္။

ပါကစၥတန္ႏိုင္ငံမွာ ၁၉၉၀ ခုႏွစ္ေနာက္ပိုင္းတည္းက တမန္ေတာ္မုိဟာမက္ဒ္ကို ေလွာင္ေျပာင္၊ ေစာ္ကားမႈေတြျပဳလုပ္ခဲ့တဲ့ လူေပါင္း ၆၇ ဦးကြပ္မ်က္ခံရၿပီးျဖစ္ပါတယ္။

၂၀၁၁ ခုႏွစ္တုန္းက လည္း  တမန္ေတာ္မုိဟာမက္နဲ႔ ပတ္သက္တဲ့ ဥပေဒကို ျပင္ဆင္ေျပာင္းလဲဖုိ႔ေတာင္းဆုိခဲ့တဲ့ ပန္ ဂ်ပ္ျပည္နယ္          အုပ္ခ်ဳပ္ေရးမႈး  ဆယ္လ္မန္တာဆီ ဟာ အေစာင့္ျဖစ္သူရဲ႕ လုပ္ၾကံမႈခံလုိက္ရပါတယ္။

ပါကစၥတန္ႏုိင္ငံအတြင္း  တမန္ေတာ္ မုိဟာမက္ဒ္ကို ေလွာင္ေျပာင္မႈေတြလုပ္ရံုနဲ႔ ေသဒဏ္ေပးေနတာကို လူအခြင့္ေရးအဖြဲ႔အစည္းေတြက ျပင္းထန္စြာေဝဖန္ေနပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တမန်တော် မိုဟာမက်ဒ်ကို စော်ကားမှုနဲ့ ခရစ်ယာန်ဘာသာဝင်တစ်ဦးသေဒဏ်ပေးခံရ

ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်း ဂူဂျာရတ် မြို့ တရားရုံး တစ်ရုံး ဟာ လူမူကွန်ရက်မှာ တမန်တော် မိုဟာမက်ဒ်ကို မလေးမစားပြုမှု ခဲ့လို့ ခရစ်ယာန် ဘာသာဝင်တစ်ဦးကို သေဒဏ်ပြစ်ဒဏ်ပေးခဲ့ပါတယ်။
အသက် ၃၅ နှစ်အ ရွယ်ရှိ နာဒင် ဂျိန်းမ် ဆိုသူ ဟာ WhatsApp အကို အသုံးပြုကာ တမန်တော် မိုဟာမက်ဒ်ကို လှောင်ပြောင်မှုတွေလုပ်ခဲ့ပြီး မိတ်ဆွေတွေ ဆီ ဖြန့်ဝေတာတွေလုပ်ခဲ့လို့ ၂၀၁၆ ခုနှစ် ဇူလိုင်လမှာ ဖမ်းဆီးခံရတာပါတယ်။
ပါကစ္စတန်နိုင်ငံမှာ မွတ်စလင်အများစုနေထိုင်ပြီး တမန်တော် မိုဟာမက်ဒ်ကို စော်ကားမှု ပြုလုပ်ရင် ရာဇာဝတ်မှုအပြစ် သတ်မှတ်ကာ ပြင်းထန်တဲ့ ပြစ်ဒဏ်ပေးလေ့ရှိပါတယ်။
ပါကစ္စတန်နိုင်ငံမှာ ၁၉၉၀ ခုနှစ်နောက်ပိုင်းတည်းက တမန်တော်မိုဟာမက်ဒ်ကို လှောင်ပြောင်၊ စော်ကားမှုတွေပြုလုပ်ခဲ့တဲ့ လူပေါင်း ၆၇ ဦးကွပ်မျက်ခံရပြီးဖြစ်ပါတယ်။
၂၀၁၁ ခုနှစ်တုန်းက လည်း တမန်တော်မိုဟာမက်နဲ့ ပတ်သက်တဲ့ ဥပဒေကို ပြင်ဆင်ပြောင်းလဲဖို့တောင်းဆိုခဲ့တဲ့ ပန် ဂျပ်ပြည်နယ် အုပ်ချုပ်ရေးမှုး ဆယ်လ်မန်တာဆီ ဟာ အစောင့်ဖြစ်သူရဲ့ လုပ်ကြံမှုခံလိုက်ရပါတယ်။
ပါကစ္စတန်နိုင်ငံအတွင်း တမန်တော် မိုဟာမက်ဒ်ကို လှောင်ပြောင်မှုတွေလုပ်ရုံနဲ့ သေဒဏ်ပေးနေတာကို လူအခွင့်ရေးအဖွဲ့အစည်းတွေက ပြင်းထန်စွာဝေဖန်နေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)