ပလတ်စတစ် စွန့်ပစ်ပစ္စည်းတွေနဲ့ ငြိနေတဲ့ ပင်လယ်လိပ် ၁၆၀ ကို ဘင်္ဂလားဒေ့ရှ်မှာ ကယ်တင်

0
122

ကမ္ဘာ့အရှည်ဆုံး ကမ်းခြေတွေရှိတဲ့ နိုင်ငံတွေထဲက တစ်ခုဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်မှာ ပလတ်စတစ် စွန့်ပစ်ပစ္စည်းတွေနဲ့ ငြိပြီး ဒဏ်ရာရထားတဲ့ လိပ်တွေအပါအဝင် ပင်လယ်လိပ် ၁၆၀ ကို ကယ်ဆယ်ပြီး ပြန်လွှတ်ပေးခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့က ပြောပါတယ်။

ကောက်ဘဇားကမ်းခြေကို ပလတ်စတစ်ဘူးခွံ၊ ငါးဖမ်းပိုက်၊ ရေကြောင်းမှတ်ဘော၊ တခြား စွန့်ပစ်ပစ္စည်းတွေနဲ့ ငြိပြီး ကမ်းခြေမှာ ပင်လယ်လိပ်တွေ လာသောင်တင်နေတာပါ။ အသက်ရှင်နေသေးတဲ့ လိပ်တွေကို ပင်င်္ဂလားပင်လယ်အော်ထဲ ပြန်လွှတ်ပေးခဲ့ပါတယ်။ သေဆုံးသွားတဲ့ လိပ်အကောင် ၃၀ ခန့်ကိုတော့ သောင်ပြင်မှာပဲ မြှုပ်နှံခဲ့ကြပါတယ်။

ပင်လယ်လိပ်တွေ အများအပြား သေဆုံးတာ၊ ဒဏ်ရာတွေနဲ့ ကမ်းခြေမှာ သောင်တင်နေတာ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်ကြောင်း၊ မကြုံခဲ့ဖူးကြောင်း ဒေသန္တရ သဘာဝပတ်ဝန်းကျင်ဌာန လက်ထောက် ညွှန်ကြားရေးမှူး နက်ဇ်မူ ဟူဒါက ဇူလိုင်လ ၁၅ ရက်နေ့မှာ ပြောပါတယ်။

အသက်ရှင်နေတဲ့ ပင်လယ်လိပ် ၁၆၀ ကို ကယ်ဆယ်ပြီး ပင်လယ်ထဲ လွှတ်ပေးခဲ့ပေမယ့် တချို့က ကမ်းခြေကို ပြန်လာခဲ့ကြောင်း၊ ပင်လယ်ထဲမှာ ကူးခပ်ဖို့ အားနည်းနေပုံရကြောင်းလည်း သူက ပြောပါတယ်။

ပင်လယ်လိပ်တွေဟာ ပင်လယ်မှာ မျောနေတဲ့ တန် ၅၀ လောက်ရှိတဲ့ စွန့်ပစ်ပစ္စည်းတွေကြားထဲကို ရောက်ရှိပြီး ဒဏ်ရာတွေ ရရှိထားပါတယ်။ တချို့လိပ်တွေဟာ ခြေလက်တွေ၊ ခေါင်းတွေ ပြတ်ထွက် သေဆုံးနေတာလို့ ဒါရီယာနာဂါ အစိမ်းရောင် လူငယ်များအဖွဲ့ဝင် ဆာယမ်က ပြောပါတယ်။

ဒေသခံတွေကတော့ အကောင်းဆုံး ကယ်ဆယ်ပြီး ပင်လယ်ထဲပြန်လွှတ်ဖို့ ကြိုးစားကြကြောင်း၊ ဒါပေမယ့် ဒဏ်ရာရထားတဲ့ လိပ်တွေဟာ ပင်လယ်ထဲမှာ အသက်မရှင်နိုင်ကြောင်း၊ ဒါကြောင့် ရေရှည် ဖြေရှင်းမှုအဖြစ် ကောက်ဘဇားမှာ ပင်လယ်လိပ်တွေအတွက် ကယ်ဆယ်ရေးနဲ့ ပြန်လည် ထူထောင်ရေးတစ်ခု ထူထောင်ဖို့ လိုကြောင်း လိပ်များဆိုင်ရာ ထိပ်တန်းကျွမ်းကျင်သူ ရှာရီယာ ဆီဆာ ရာမန်က ပြောပါတယ်။

အစိုးရတာဝနရြှိသူတှကေ ပငလြယလြိပတြှေ ဘာကှောင့ြ သောငတြငနြသလေဲဆိုတာကို စုံစမြးစဈဆေးနပှေီး လိပအြသေ နှဈကောငကြို စဈဆေးကှည့ဖြို့ ပှညနြယရြှိ တကျကသိုလတြဈခုထံ ပို့ဆောငထြားပါတယြ။

___________________

___________________

ပလတျစတဈ စှနျ့ပဈပစ်စညျးတှနေဲ့ ငွိနတေဲ့ ပငျလယျလိပျ ၁၆၀ ကို ဘငျ်ဂလားဒေ့ရျှမှာ ကယျတငျ

ကမ္ဘာ့အရှည်ဆုံး ကမ်းခြေတွေရှိတဲ့ နိုင်ငံတွေထဲက တစ်ခုဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်မှာ ပလတ်စတစ် စွန့်ပစ်ပစ္စည်းတွေနဲ့ ငြိပြီး ဒဏ်ရာရထားတဲ့ လိပ်တွေအပါအဝင် ပင်လယ်လိပ် ၁၆၀ ကို ကယ်ဆယ်ပြီး ပြန်လွှတ်ပေးခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့က ပြောပါတယ်။

ကောက်ဘဇားကမ်းခြေကို ပလတ်စတစ်ဘူးခွံ၊ ငါးဖမ်းပိုက်၊ ရေကြောင်းမှတ်ဘော၊ တခြား စွန့်ပစ်ပစ္စည်းတွေနဲ့ ငြိပြီး ကမ်းခြေမှာ ပင်လယ်လိပ်တွေ လာသောင်တင်နေတာပါ။ အသက်ရှင်နေသေးတဲ့ လိပ်တွေကို ပင်င်္ဂလားပင်လယ်အော်ထဲ ပြန်လွှတ်ပေးခဲ့ပါတယ်။ သေဆုံးသွားတဲ့ လိပ်အကောင် ၃၀ ခန့်ကိုတော့ သောင်ပြင်မှာပဲ မြှုပ်နှံခဲ့ကြပါတယ်။

ပင်လယ်လိပ်တွေ အများအပြား သေဆုံးတာ၊ ဒဏ်ရာတွေနဲ့ ကမ်းခြေမှာ သောင်တင်နေတာ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်ကြောင်း၊ မကြုံခဲ့ဖူးကြောင်း ဒေသန္တရ သဘာဝပတ်ဝန်းကျင်ဌာန လက်ထောက် ညွှန်ကြားရေးမှူး နက်ဇ်မူ ဟူဒါက ဇူလိုင်လ ၁၅ ရက်နေ့မှာ ပြောပါတယ်။

အသက်ရှင်နေတဲ့ ပင်လယ်လိပ် ၁၆၀ ကို ကယ်ဆယ်ပြီး ပင်လယ်ထဲ လွှတ်ပေးခဲ့ပေမယ့် တချို့က ကမ်းခြေကို ပြန်လာခဲ့ကြောင်း၊ ပင်လယ်ထဲမှာ ကူးခပ်ဖို့ အားနည်းနေပုံရကြောင်းလည်း သူက ပြောပါတယ်။

ပင်လယ်လိပ်တွေဟာ ပင်လယ်မှာ မျောနေတဲ့ တန် ၅၀ လောက်ရှိတဲ့ စွန့်ပစ်ပစ္စည်းတွေကြားထဲကို ရောက်ရှိပြီး ဒဏ်ရာတွေ ရရှိထားပါတယ်။ တချို့လိပ်တွေဟာ ခြေလက်တွေ၊ ခေါင်းတွေ ပြတ်ထွက် သေဆုံးနေတာလို့ ဒါရီယာနာဂါ အစိမ်းရောင် လူငယ်များအဖွဲ့ဝင် ဆာယမ်က ပြောပါတယ်။

ဒေသခံတွေကတော့ အကောင်းဆုံး ကယ်ဆယ်ပြီး ပင်လယ်ထဲပြန်လွှတ်ဖို့ ကြိုးစားကြကြောင်း၊ ဒါပေမယ့် ဒဏ်ရာရထားတဲ့ လိပ်တွေဟာ ပင်လယ်ထဲမှာ အသက်မရှင်နိုင်ကြောင်း၊ ဒါကြောင့် ရေရှည် ဖြေရှင်းမှုအဖြစ် ကောက်ဘဇားမှာ ပင်လယ်လိပ်တွေအတွက် ကယ်ဆယ်ရေးနဲ့ ပြန်လည် ထူထောင်ရေးတစ်ခု ထူထောင်ဖို့ လိုကြောင်း လိပ်များဆိုင်ရာ ထိပ်တန်းကျွမ်းကျင်သူ ရှာရီယာ ဆီဆာ ရာမန်က ပြောပါတယ်။ အစိုးရတာဝန်ရှိသူတွေက ပင်လယ်လိပ်တွေ ဘာကြောင့် သောင်တင်နေသလဲဆိုတာကို စုံစမ်းစစ်ဆေးနေပြီး လိပ်အသေ နှစ်ကောင်ကို စစ်ဆေးကြည့်ဖို့ ပြည်နယ်ရှိ တက္ကသိုလ်တစ်ခုထံ ပို့ဆောင်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)