အိန္ဒိယမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ၃၂၇၀၀ နီးပါး ထပ်တိုး၊ ပြည်နယ်တစ်ခုကို lockdown ပြန်ချ

0
86

အိန္ဒိယနိုင်ငံမှာ ဇူလိုင်လ ၁၆ ရက်နေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ၃၂၆၉၅ ဦး ထပ်တိုးလာတဲ့အတွက် စုစုပေါင်း ဗိုင်းရပ်စ် ကူးစက်သူ ၁ သန်းနီးပါး ရှိလာပြီး ပြန်ဖွင့်ပေးလိုက်တာ နှစ်ပတ်သာ ကြာသေးတဲ့ နာမည်ကျော် ကမ်းခြေပြည်နယ် ဂိုအာကို lockdown ပြန်ချလိုက်ရပါတယ်။

COVID-19 ရောဂါ ကူးစက်မှု ကမ္ဘာမှာ တတိယမြောက် ရှိနေတဲ့ အိန္ဒိယနိုင်ငံမှာ အခု အသစ်ထပ်တိုးတဲ့ ကူးစက်မှုကြောင့် ကူးစက်သူဦးရေ ၉၆၈၈၇၆ ဦး ရှိသွားပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်းမှာ COVID-19 ရောဂါကြောင့် သေဆုံးသူ ၆၀၆ ဦး ရှိတဲ့အတွက် ရောဂါကြောင့် သေဆုံးသူ စုစုပေါင်း ၂၄၉၁၅ ဦး ရှိသွားပြီလို့ အိန္ဒိယ ကျန်းမာရေးဌာနက သတင်းထုတ်ပြန်ပါတယ်။

ကမ္ဘာ့ တခြားနိုင်ငံတချို့လိုပဲ စမ်းသပ်စစ်ဆေးမှု လုပ်နိုင်တာ အကန့်အသတ် ရှိတဲ့အတွက် တကယ့် သေဆုံးမှုနှုန်းဟာ အခု စာရင်းရှိတာထက် ပိုများလိမ့်မယ်လို့ ခန့်မှန်းကြပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဆရာဝန် ၉၉ ဦး သေဆုံးပြီး တခြား ဆရာဝန် ၁၃၀၂ ဦးလည်း ဗိုင်းရပ်စ် ကူးစက်နေတယ်လို့ အိန္ဒိယ ဆေးပညာအသင်းက ပြောပါတယ်။ ဒါကြောင့် လုံခြုံစိတ်ချရဖို့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ အလုပ်ချိန်ကို လျှော့ချဖို့လည်း တောင်းဆိုနေကြပါတယ်။

မဟာရရှထာ၊ တမီလ်နာဒူး၊ အနောက်ဘင်္ဂေါနဲ့ အာသံပြည်နယ် အပါအဝင် ပြည်နယ် တစ်ဒါဇင်ခန့်ကို အန္တရာယ် အရှိဆုံးအဖြစ် သတ်မှတ်ကာ lockdown ချထားပြီး အဓိက စားနပ်ရိက္ခာ ပို့ဆောင်ရေးနဲ့ ကျန်းမာရေး ဝန်ဆောင်မှုအတွက်သာ သွားလာခွင့် ပြုထားပါတယ်။

ဂိုအာပှညနြယကြို ဇူလိုငလြ ၁၆ ရကနြေ့ညကစပှီး သုံးရကကြှာ lockdown နဲ့ ညမထှကရြအမိန့ြ ထုတပြှနလြိုကကြှောငြး ဂိုအာပှညနြယြ တာဝနရြှိသူ ပရာမှတြ ဆာဝမ့ကြ ပှောပါတယြ။ လူတှဟော ခပခြှာခှာနကှဖေို့ကိုလညြး မလိုကနြာကှောငြးနဲ့ ပှီးခဲ့တဲ့ နှဈပတအြတှငြး နှာခေါငြးစညြး မတပလြို့ ရူပီး ၁၀၀ စီ (၁ ဒသမ ၃ ဒေါလြာ) ဒဏရြိုကခြံရသူ ၄ သောငြး ရှိကှောငြးလညြး သူက ပှောပါတယြ။

___________________

___________________

အိန်ဒိယမှာ ကိုရိုနာဗိုငျးရပျဈ ကူးစကျမှု ၃၂၇၀၀ နီးပါး ထပျတိုး၊ ပွညျနယျတဈခုကို lockdown ပွနျခြ

အိန္ဒိယနိုင်ငံမှာ ဇူလိုင်လ ၁၆ ရက်နေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ၃၂၆၉၅ ဦး ထပ်တိုးလာတဲ့အတွက် စုစုပေါင်း ဗိုင်းရပ်စ် ကူးစက်သူ ၁ သန်းနီးပါး ရှိလာပြီး ပြန်ဖွင့်ပေးလိုက်တာ နှစ်ပတ်သာ ကြာသေးတဲ့ နာမည်ကျော် ကမ်းခြေပြည်နယ် ဂိုအာကို lockdown ပြန်ချလိုက်ရပါတယ်။

COVID-19 ရောဂါ ကူးစက်မှု ကမ္ဘာမှာ တတိယမြောက် ရှိနေတဲ့ အိန္ဒိယနိုင်ငံမှာ အခု အသစ်ထပ်တိုးတဲ့ ကူးစက်မှုကြောင့် ကူးစက်သူဦးရေ ၉၆၈၈၇၆ ဦး ရှိသွားပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်းမှာ COVID-19 ရောဂါကြောင့် သေဆုံးသူ ၆၀၆ ဦး ရှိတဲ့အတွက် ရောဂါကြောင့် သေဆုံးသူ စုစုပေါင်း ၂၄၉၁၅ ဦး ရှိသွားပြီလို့ အိန္ဒိယ ကျန်းမာရေးဌာနက သတင်းထုတ်ပြန်ပါတယ်။

ကမ္ဘာ့ တခြားနိုင်ငံတချို့လိုပဲ စမ်းသပ်စစ်ဆေးမှု လုပ်နိုင်တာ အကန့်အသတ် ရှိတဲ့အတွက် တကယ့် သေဆုံးမှုနှုန်းဟာ အခု စာရင်းရှိတာထက် ပိုများလိမ့်မယ်လို့ ခန့်မှန်းကြပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဆရာဝန် ၉၉ ဦး သေဆုံးပြီး တခြား ဆရာဝန် ၁၃၀၂ ဦးလည်း ဗိုင်းရပ်စ် ကူးစက်နေတယ်လို့ အိန္ဒိယ ဆေးပညာအသင်းက ပြောပါတယ်။ ဒါကြောင့် လုံခြုံစိတ်ချရဖို့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ အလုပ်ချိန်ကို လျှော့ချဖို့လည်း တောင်းဆိုနေကြပါတယ်။

မဟာရရှထာ၊ တမီလ်နာဒူး၊ အနောက်ဘင်္ဂေါနဲ့ အာသံပြည်နယ် အပါအဝင် ပြည်နယ် တစ်ဒါဇင်ခန့်ကို အန္တရာယ် အရှိဆုံးအဖြစ် သတ်မှတ်ကာ lockdown ချထားပြီး အဓိက စားနပ်ရိက္ခာ ပို့ဆောင်ရေးနဲ့ ကျန်းမာရေး ဝန်ဆောင်မှုအတွက်သာ သွားလာခွင့် ပြုထားပါတယ်။ ဂိုအာပြည်နယ်ကို ဇူလိုင်လ ၁၆ ရက်နေ့ညကစပြီး သုံးရက်ကြာ lockdown နဲ့ ညမထွက်ရအမိန့် ထုတ်ပြန်လိုက်ကြောင်း ဂိုအာပြည်နယ် တာဝန်ရှိသူ ပရာမွတ် ဆာဝမ့်က ပြောပါတယ်။ လူတွေဟာ ခပ်ခွာခွာနေကြဖို့ကိုလည်း မလိုက်နာကြောင်းနဲ့ ပြီးခဲ့တဲ့ နှစ်ပတ်အတွင်း နှာခေါင်းစည်း မတပ်လို့ ရူပီး ၁၀၀ စီ (၁ ဒသမ ၃ ဒေါ်လာ) ဒဏ်ရိုက်ခံရသူ ၄ သောင်း ရှိကြောင်းလည်း သူက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)