မြန်မာ ပညာတော်သင်တွေကို ထိုင်ဝမ်က ပြည်ခွင့်ပြု

0
92

ထိုင်ဝမ်ကို လာရောက်ပညာသင်ခွင့် ပြုတဲ့အထဲမှာ မြန်မာနိုင်ငံက ပညာတော်သင်တွေလည်း ပါဝင်တယ်လို့ ထိုင်ဝမ် ပညာရေးဝန်ကြီးဌာနက ဇူလိုင်လ ၁၅ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။

COVID-19 ရောဂါ အန္တရာယ် နည်းပါးတဲ့ ဒါမှမဟုတ် အလတ်အလတ်သာ ရှိတဲ့နိုင်ငံနဲ့ ဒေသ ၁၉ ခုက ပညာတော်သင်တွေကို ထိုင်ဝမ်ဆီ ပြည်ဝင်ခွင့်ပြုရာမှာ မြန်မာနိုင်ငံလည်း ပါဝင်တာ ဖြစ်တယ်လို့ ထိုင်ဝမ်နယူးစ် သတင်းဌာနက ဖော်ပြပါတယ်။ ထိုင်ဝမ် ဗဟိုကပ်ရောဂါ ထိန်းချုပ်ရေးဌာန (CECC) က မြန်မာနိုင်ငံကို COVID-19 ရောဂါ အန္တရာယ် နည်းပါးတဲ့အဆင့်နဲ့ ခွင့်ပြုလိုက်တာပါ။

ပြည်ဝင်ခွင့်ရနိုင်ငံက ကျောင်းသားကျောင်းသူတွေဟာ ၂၀၂၀ ပညာသင်နှစ် first semster စတင်မယ့် ဇူလိုင်လ ၂၂ ရက်နေ့မှာ တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။ ပညာတော်သင် ၃၄၂ ဦးကို ပြည်ဝင်ခွင့်ပေးထားပြီး ဖြစ်ပါတယ်။

ထိုငဝြမကြ ပညာတောသြငြ ပှညဝြငခြှင့ပြှုတဲ့ နိုငငြံနဲ့ ဒသတှေကတေော့ ဗီယကနြမြ၊ ဟောငကြောငြ၊ မကျကာအို၊ ထိုငြး၊ ပါလို၊ သှစတှေးလွ၊ နယူးဇီလနြ၊ ဘရူနိုငြး၊ ဖီဂွီ၊ မှနဂြိုလီးယား၊ ဘူတနြ၊ လာအို၊ ကမျဘောဒီးယား၊ မလေးရှား၊ စငကြာပူ၊ ဂပွနြ၊ ကိုရီးယား၊ သီရိလငြျကာနဲ့ မှနမြာတို့ ဖှဈပါတယြ။

_________________

_________________


ထိုင်ဝမ်ကို လာရောက်ပညာသင်ခွင့် ပြုတဲ့အထဲမှာ မြန်မာနိုင်ငံက ပညာတော်သင်တွေလည်း ပါဝင်တယ်လို့ ထိုင်ဝမ် ပညာရေးဝန်ကြီးဌာနက ဇူလိုင်လ ၁၅ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။

COVID-19 ရောဂါ အန္တရာယ် နည်းပါးတဲ့ ဒါမှမဟုတ် အလတ်အလတ်သာ ရှိတဲ့နိုင်ငံနဲ့ ဒေသ ၁၉ ခုက ပညာတော်သင်တွေကို ထိုင်ဝမ်ဆီ ပြည်ဝင်ခွင့်ပြုရာမှာ မြန်မာနိုင်ငံလည်း ပါဝင်တာ ဖြစ်တယ်လို့ ထိုင်ဝမ်နယူးစ် သတင်းဌာနက ဖော်ပြပါတယ်။ ထိုင်ဝမ် ဗဟိုကပ်ရောဂါ ထိန်းချုပ်ရေးဌာန (CECC) က မြန်မာနိုင်ငံကို COVID-19 ရောဂါ အန္တရာယ် နည်းပါးတဲ့အဆင့်နဲ့ ခွင့်ပြုလိုက်တာပါ။

ပြည်ဝင်ခွင့်ရနိုင်ငံက ကျောင်းသားကျောင်းသူတွေဟာ ၂၀၂၀ ပညာသင်နှစ် first semster စတင်မယ့် ဇူလိုင်လ ၂၂ ရက်နေ့မှာ တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။ ပညာတော်သင် ၃၄၂ ဦးကို ပြည်ဝင်ခွင့်ပေးထားပြီး ဖြစ်ပါတယ်။

ထိုင်ဝမ်က ပညာတော်သင် ပြည်ဝင်ခွင့်ပြုတဲ့ နိုင်ငံနဲ့ ဒေသတွေကတော့ ဗီယက်နမ်၊ ဟောင်ကောင်၊ မက္ကာအို၊ ထိုင်း၊ ပါလို၊ သြစတြေးလျ၊ နယူးဇီလန်၊ ဘရူနိုင်း၊ ဖီဂျီ၊ မွန်ဂိုလီးယား၊ ဘူတန်၊ လာအို၊ ကမ္ဘောဒီးယား၊ မလေးရှား၊ စင်ကာပူ၊ ဂျပန်၊ ကိုရီးယား၊ သီရိလင်္ကာနဲ့ မြန်မာတို့ ဖြစ်ပါတယ်။  

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)