COVID-19 ကူးစက်ခံရတဲ့ ဘရာဇီးသမ္မတက အတည်ပြုမထားတဲ့ ဆေးတွေကို အမွှမ်းတင်

0
115

နောက်တစ်ကျော့ပြန် စစ်ဆေးမှုမှာ COVID-19 ကူးစက်မှု positive ထပ်တွေ့ရတဲ့ ဘရာဇီးသမ္မတ ယာအဲ ဘိုလ်ဇိုနာရိုဟာ ကျွမ်းကျင်သူ အများစု ကန့်ကွက်ထားတဲ့ ငှက်ဖျားဆေး ဟိုက်ဒရိုကလိုရိုကွင်းဆေးကို ဇူလိုင်လ ၁၅ ရက်နေ့က ချီးကျူးအမွှမ်းတင်နေပါတယ်။

ဆရာဝန် ညွှန်ကြားချက်နဲ့ ဟိုက်ဒရိုကလိုရိုကွင်းဆေးကိုသုံးကာ စတင် ကုသမှုခံယူခဲ့ပြီး နောက်တစ်နေ့မှာ သူ ပိုသက်သာလာကြောင်း၊ တိုက်ဆိုင်မှုပဲဖြစ်ဖြစ် သူ့အတွက်တော့ ဒီဆေးက အလုပ်ဖြစ်ကြောင်း လူမှုမီဒီယာပေါ်မှာ တင်တဲ့ ဗီဒီယိုဖိုင်မှာ ဘရာဇီးသမ္မတ ပြောထားခဲ့ခြင်းပါ။

သိပ္ပံပညာရှင်တွေက နိုဗယ် ကိုရိုနာဗိုင်းရပ်စ်အတွက် ဟိုဒရိုကလိုရိုကွင်းဆေးဟာ ဆိုးကျိုးထွက်စေတယ်လို့ ပြောနေကြပေမယ့်လည်း ဘရာဇီးသမ္မတက သူ့မဟာမိတ် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်လို အလားတူ ချီးမွမ်းလိုက်တာပါ။

သူဟာ COVID-19 ရောဂါ negative ပြန်ဖြစ်ရင် ပုံမှန်ရုံးလုပ်ငန်းတွေကို ပြန်လုပ်မယ်လို့ ရောဂါ စတင်ကူးစက်စဉ်ကတည်းက ဘရာဇီးသမ္မတက ပြောနေခဲ့ပေမဲ့ ဘရာဇီးပြည်သူတွေကတော့ ကိုရိုနာဗိုင်းရပ်စ်ရဲ့ အန္တရာယ်ကို လျှော့ပေါ့ပြောဆိုနေပြီး ကိုင်တွယ်နေပုံကို မကျေနပ်လို့ နုတ်ထွက်ပေးဖို့ ဆန္ဒပြနေကြပါတယ်။

ဘရာဇီးနိုငငြံမှာ COVID-19 ရောဂါ ကူးစကခြံရသူ ၁ ဒသမ ၈၇ သနြးနဲ့ အမရေိကနပြှီးရငြ ဒုတိယအမွားဆုံးဖှဈပှီး ရောဂါကှောင့ြ သဆေုံးသူ ၇၅၃၆၆ ဦး ရှိနပေါတယြ။

COVID-19 ကူးစကျခံရတဲ့ ဘရာဇီးသမ်မတက အတညျပွုမထားတဲ့ ဆေးတှကေို အမှှမျးတငျ

နောက်တစ်ကျော့ပြန် စစ်ဆေးမှုမှာ COVID-19 ကူးစက်မှု positive ထပ်တွေ့ရတဲ့ ဘရာဇီးသမ္မတ ယာအဲ ဘိုလ်ဇိုနာရိုဟာ ကျွမ်းကျင်သူ အများစု ကန့်ကွက်ထားတဲ့ ငှက်ဖျားဆေး ဟိုက်ဒရိုကလိုရိုကွင်းဆေးကို ဇူလိုင်လ ၁၅ ရက်နေ့က ချီးကျူးအမွှမ်းတင်နေပါတယ်။

ဆရာဝန် ညွှန်ကြားချက်နဲ့ ဟိုက်ဒရိုကလိုရိုကွင်းဆေးကိုသုံးကာ စတင် ကုသမှုခံယူခဲ့ပြီး နောက်တစ်နေ့မှာ သူ ပိုသက်သာလာကြောင်း၊ တိုက်ဆိုင်မှုပဲဖြစ်ဖြစ် သူ့အတွက်တော့ ဒီဆေးက အလုပ်ဖြစ်ကြောင်း လူမှုမီဒီယာပေါ်မှာ တင်တဲ့ ဗီဒီယိုဖိုင်မှာ ဘရာဇီးသမ္မတ ပြောထားခဲ့ခြင်းပါ။

သိပ္ပံပညာရှင်တွေက နိုဗယ် ကိုရိုနာဗိုင်းရပ်စ်အတွက် ဟိုဒရိုကလိုရိုကွင်းဆေးဟာ ဆိုးကျိုးထွက်စေတယ်လို့ ပြောနေကြပေမယ့်လည်း ဘရာဇီးသမ္မတက သူ့မဟာမိတ် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်လို အလားတူ ချီးမွမ်းလိုက်တာပါ။

သူဟာ COVID-19 ရောဂါ negative ပြန်ဖြစ်ရင် ပုံမှန်ရုံးလုပ်ငန်းတွေကို ပြန်လုပ်မယ်လို့ ရောဂါ စတင်ကူးစက်စဉ်ကတည်းက ဘရာဇီးသမ္မတက ပြောနေခဲ့ပေမဲ့ ဘရာဇီးပြည်သူတွေကတော့ ကိုရိုနာဗိုင်းရပ်စ်ရဲ့ အန္တရာယ်ကို လျှော့ပေါ့ပြောဆိုနေပြီး ကိုင်တွယ်နေပုံကို မကျေနပ်လို့ နုတ်ထွက်ပေးဖို့ ဆန္ဒပြနေကြပါတယ်။ ဘရာဇီးနိုင်ငံမှာ COVID-19 ရောဂါ ကူးစက်ခံရသူ ၁ ဒသမ ၈၇ သန်းနဲ့ အမေရိကန်ပြီးရင် ဒုတိယအများဆုံးဖြစ်ပြီး ရောဂါကြောင့် သေဆုံးသူ ၇၅၃၆၆ ဦး ရှိနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)