တရုတ်သူဌေးကြီး အိမ်မှာ ပြန်ပေးဆွဲခံရ၊ ရဲတပ်ဖွဲ့ ကယ်တင်နိုင်

0
378

လျှပ်စစ်ပစ္စည်းလုပ်ငန်း Media Group ကို တည်ထောင်သူ တရုတ် ဘီလျံနာ သူဌေးကြီး ဟေ ရှန်းကျင်ရဲ့ နေအိမ်ကို လူတစ်စုက ကျူးကျော်ဝင်ရောက်ပြီး သူဌေးကြီးကို ပြန်ပေးဆွဲဖို့ ကြိုးပမ်းခဲ့ပေမယ့် တရုတ်ရဲတပ်ဖွဲ့က ကယ်တင်နိုင်ခဲ့ပါတယ်။

ဇွန်လ ၁၄ ရက်နေ့ ညနေမှာ ဟောင်ကောင်အနီး ဖိုရှန်ရှိ နေအိမ်ထဲထဲကို ချဉ်းနင်းဝင်ရောက်သူတွေ ရှိတယ်လို့ ရဲတပ်ဖွဲ့ဆီ ဖုန်းဆက် အကြောင်းကြားလာတဲ့အတွက် ဖိုရှန် ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ ဇွန်လ ၁၅ ရက်နေ့မှာတော့ ကျူးကျော်ဝင်ရောက်ပြီး ပြန်ပေးဆွဲဖို့ ကြိုးစားသူ ငါးဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

ပြန်ပေးဆွဲခံရသူက အသက် ၇၈ နှစ်အရွယ် ဘီလျံနာ သူဌေးကြီး ဟေ ရှန်းကျင် ဖြစ်တယ်လို့ တရုတ်မီဒီယာတွေက ဖော်ပြပါတယ်။ Media Group က ရဲတပ်ဖွဲ့ကို ကျေးဇူးတင်ကြောင်း လူမှုကွန်ရက်ကနေ ပြောပေမယ့် ပြန်ပေးဆွဲခံရသူက သူဌေးကြီး ဟေ ဖြစ်တယ်ဆိုတာတော့ မဖော်ပြပါဘူး။

မစ္စတာ ဟေဟာ တရုတ်နိုင်ငံရဲ့ စတုတ္ထမြောက် အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်ပြီး အသားတင် ချမ်းသာမှု ယွမ်ငွေ ၁၈၀ ဘီလီယံ (အမေရိကန် ဒေါ်လာ ၃၆ ဒသမ ၅ ဘီလီယံ) ရှိပါတယ်။


___________________

___________________

တရုတ်သူဌေးကြီး အိမ်မှာ ပြန်ပေးဆွဲခံရ၊ ရဲတပ်ဖွဲ့ ကယ်တင်နိုင်

လျှပ်စစ်ပစ္စည်းလုပ်ငန်း Media Group ကို တည်ထောင်သူ တရုတ် ဘီလျံနာ သူဌေးကြီး ဟေ ရှန်းကျင်ရဲ့ နေအိမ်ကို လူတစ်စုက ကျူးကျော်ဝင်ရောက်ပြီး သူဌေးကြီးကို ပြန်ပေးဆွဲဖို့ ကြိုးပမ်းခဲ့ပေမယ့် တရုတ်ရဲတပ်ဖွဲ့က ကယ်တင်နိုင်ခဲ့ပါတယ်။ 

ဇွန်လ ၁၄ ရက်နေ့ ညနေမှာ ဟောင်ကောင်အနီး ဖိုရှန်ရှိ နေအိမ်ထဲထဲကို ချဉ်းနင်းဝင်ရောက်သူတွေ ရှိတယ်လို့ ရဲတပ်ဖွဲ့ဆီ ဖုန်းဆက် အကြောင်းကြားလာတဲ့အတွက် ဖိုရှန် ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ ဇွန်လ ၁၅ ရက်နေ့မှာတော့ ကျူးကျော်ဝင်ရောက်ပြီး ပြန်ပေးဆွဲဖို့ ကြိုးစားသူ ငါးဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

ပြန်ပေးဆွဲခံရသူက အသက် ၇၈ နှစ်အရွယ် ဘီလျံနာ သူဌေးကြီး ဟေ ရှန်းကျင် ဖြစ်တယ်လို့ တရုတ်မီဒီယာတွေက ဖော်ပြပါတယ်။ Media Group က ရဲတပ်ဖွဲ့ကို ကျေးဇူးတင်ကြောင်း လူမှုကွန်ရက်ကနေ ပြောပေမယ့် ပြန်ပေးဆွဲခံရသူက သူဌေးကြီး ဟေ ဖြစ်တယ်ဆိုတာတော့ မဖော်ပြပါဘူး။ 

မစ္စတာ ဟေဟာ တရုတ်နိုင်ငံရဲ့ စတုတ္ထမြောက် အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်ပြီး အသားတင် ချမ်းသာမှု ယွမ်ငွေ ၁၈၀ ဘီလီယံ (အမေရိကန် ဒေါ်လာ ၃၆ ဒသမ ၅ ဘီလီယံ) ရှိပါတယ်။

Media Group လုပ်ငန်းဟာ ၂၀၁၉ ခုနှစ်မှာ အမြတ်ငွေ ယွမ် ၂၈၀ ဘီလီယံအထိ ရှိပါတယ်။ Media Group ရဲ့ လက်ခွဲလုပ်ငန်းတွေထဲမှာ စက်ရုပ်နည်းပညာဆိုင်ရာ ဂျာမန်ကုမ္ပဏီ ကူကာလည်း ပါဝင်ပါတယ်။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)