ကွန်ကရစ် Siporex အပြား ၉၀ ကို ဦးခေါင်းနဲ့ စက္ကန့်ပိုင်းအတွင်း ခွဲပြီး ဂင်းနစ်စံချိန်တင်

0
378

ဘော့စနီးယား နိုင်ငံသား တိုက်ကွမ်ဒို သမားတစ်ဦးဟာ ကွန်ကရစ် Siporex အပြား ၉၀ ကို ဦးခေါင်းနဲ့ စက္ကန့်ပိုင်းအတွင်း ခွဲပြပြီး ဂင်းနစ်စံချိန် တင်လိုက်ပါတယ်။

ကီရင်မ် အာမတ်စပါဟစ် ဆိုသူဟာ သြစတြေးလျနိုင်ငံမှာ ကွန်ကရစ် Siporex အပြား ၉၀ ကို ၂၅ စက္ကန့်အတွင်း ခေါင်းနဲ့ ဂျွမ်းထိုးကာ ခွဲပြခဲ့တာ ဖြစ်ပါတယ်။

ကွန်ကရစ် Siporex အပြားတွေကို ၁၀ ပြားစီ ထပ်ထားပြီး ခွဲပြခဲ့ပေမယ့် နာကျင်ဟန် မရှိဘူးလို့ ကြည့်ရှုသူတွေက ပြောကြပါတယ်။

အကြိမ်ကြိမ် လေ့ကျင့်ထားတဲ့ ကီရင်မ်ဟာ ကွန်ကရစ် Siporex ပြားတွေကို ဦးခေါင်းနဲ့ ခွဲပြမှု ၁၀ အထိ လုပ်ဆောင်ပြခဲ့ပြီး ဖြစ်ပါတယ်။ ကွန်ကရစ် Siporex ပြားတွေကို ခွဲပြတဲ့ ဗီဒီယိုဖိုင် အွန်လိုင်းပေါ် လျှင်မြန်စွာ ပျံ့နှံ့သွားပြီး ကြည့်ရှုသူ အများအပြား ရှိနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)