ဗင်နီဇွဲလား သမ္မတ မာဒူရို ရွေးကောက်ပွဲမှာ မဲလိမ်မှုတွေ လုပ်နိုင်

0
242

ဗင်နီဇွဲလား သမ္မတ မာဒူရိုဟာ လာမယ့်လမှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ လိမ်လည်မှုတွေ လုပ်နိုင်ဖွယ်ရှိတယ်လို့ အတိုက်ခံခေါင်းဆောင် နစ်မာအီဗန်က သတိပေးလိုက်ပါတယ်။

ဗင်နီဇွဲလား အတိုက်ခံခေါင်းဆောင်က သမ္မတဟာ အာဏာ ပြန်ရယူနိုင်ဖို့အတွက် လာမယ့် ရွေးကောက်ပွဲမှာ ရလဒ်နဲ့ ဆန့်ကျင်တဲ့ အဖြေမျိုး ပြုလုပ်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ နှစ်လကျော်က ဗင်နီဇွဲလားနိုင်ငံမှာ သမ္မတ မာဒူရိုကို ပြည်သူထောင်ချီပြီး နိုင်ငံတ၀ှမ်း ဆန္ဒပြခဲ့လို့ ရဲတွေနဲ့ စစ်သားတွေရဲ့ဖြိုခွင်းမှုကြောင့်  ပြည်သူ ၇၀ ကျော် သေဆုံးခဲ့ပါတယ်။

မာဒူရိုဟာ ဗင်နီဇွဲလား သမ္မတဟောင်း ဟူဂိုချားဗက်စ် ကွယ်လွန်ပြီးနောက် သူရဲ့နေရာကို ၂၀၁၃ ခုနှစ်မှာ ဆက်ခံခဲ့သူဖြစ်ပါတယ်။ ဗင်နီဇွဲလားနိုင်ငံမှာ စီးပွားရေးကျဆင်းမှုတွေ ဖြစ်ပေါ်နေတာကြောင့် သမ္မတ မာဒူရို ဦးဆောင်တဲ့ အစိုးရ အဖွဲ့ဟာ အခက်ခဲတွေနဲ့ ရင်ဆိုင်နေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)