IS အကြမ်းဖက် ခေါင်းဆောင်ကို သုတ်သင်နိုင်ခဲ့တယ်လို့ ရုရုားပြော

0
266

ရုရှား ကာကွယ်ရေးဝန်ကြီးက ဆီးရီးယားနိုင်ငံထဲက IS တွေကို ဗုံးကြဲတိုက်ခိုက်ချိန်အတွင်း IS အကြမ်းဖက်အဖွဲ့ ခေါင်းဆောင် အဘူဘာကာအယ်ဘာဂါဒီကို မေလ ၂၈ နေ့က သုတ်သင်နိုင်ခဲ့တယ်လို့ ပြောပါတယ်။

လက်ရှိအချိန်မှာ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနဟာ လေကြောင်း တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သူဟာ IS ခေါင်းဆောင် ဟုတ်၊ မဟုတ်ဆိုတာ ပိုမိုသေချာအောင် စုံစမ်း စစ်ဆေးနေပါတယ်။

ရုရှား လေကြောင်းတပ်ဖွဲ့ဟာ ဆီးရီယားနိုင်ငံ မြောက်ပိုင်း ရက်ကာမြို့အတွင်း IS စစ်ရေးကောင်စီ အစည်းအဝေး လုပ်ချိန်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ဖြစ်ပါတယ်။

IS ခေါင်းဆောင်ဟာ အမေရိကန် ဦးဆောင်တဲ့ မဟာမိတ်အဖွဲ့တွေ အီရတ်နိုင်ငံ၊ မိုလ်ဆူးမြို့ကို ပြန်လည် မ၀င်ရောက်ခင် ၂၀၁၆ ခုနှစ် နောက်ပိုင်းအထိ မိုလ်ဆူးမြို့မှာ ရှိခဲ့တယ်လို့ ခန့်မှန်းပေမယ့် လက်ရှိ အချိန်မှာ IS အဖွဲ့ခေါင်းဆောင် ရှိတဲ့နေရာကို အတိအကျ မသိရဘူးလို့ သတင်းတွေက ဖော်ပြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)