အာဖဂန်နစ္စတန်ကို အမေရိကန် တပ်ဖွဲ့အင်အား ၄ ထောင် ထပ်မံစေလွှတ်မယ်

0
246

အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်ဟာ အာဖဂန်နစ္စတန် နိုင်ငံကို နောက်ထပ် တပ်ဖွဲ့ဝင်အင်အား ၄ ထောင်ခန့် စေလွှတ်မှာဖြစ်ကြောင်း သမ္မတ ထရမ့် အစိုးရအရာရှိတစ်ဦးက မနေ့က ဇွန်လ ၁၅ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

ဒီလုပ်ဆောင်မှုကြောင့် အာဖဂန်နစ္စတန်မှာ ဖြစ်ပွားနေတဲ့စစ်ပွဲမှာ အသာစီးရရှိအောင် လုပ်ဆောင်နိုင်မယ်လို့ အမေရိကန် စစ်ဘက်ဆိုင်ရာက မျှော်လင့်ထားပါတယ်။ သမ္မတ ထရမ့်ရဲ့ မကြာသေးတဲ့ သက်တမ်း အတွင်းမှာ အခုတပ်ဖြန့်မှုဟာ ပမာဏအကြီးမားဆုံး တပ်ဖွဲ့စေလွှတ်မှုပဲ ဖြစ်ပါတယ်။

တာလီဘန် သူပုန်တွေကို တိုက်ခိုက်နေတဲ့ အာဖဂန်စစ်တပ်ကို ကူညီဖို့ အင်အား လုံလုံလောက်လောက် မရှိကြောင်း ပြောကြားခဲ့တဲ့ အာဖဂန်ရှိ အမေရိကန် ဗျူဟာမှူးတွေရဲ့ အခက်အခဲကို ဖြေရှင်းဖို့ တပ်ဖွဲ့ဝင်အင်အား တိုးချဲ့သတ်မှတ်နိုင်တဲ့ လုပ်ပိုင်ခွင့်ကို သမ္မတ ထရမ့်က ကာကွယ်ရေးဝန်ကြီး ဂျိမ်းမက်တစ်ကို ပေးခဲ့ပြီးနောက် အခုလို သတင်းထွက်ပေါ်လာတာ ဖြစ်ပါတယ်။

မကြာသေးခင်က အာဖဂန်မှာ အမေရိကန်စစ်သား အသေအပျောက်လည်း များပြားလာခဲ့ပါတယ်။ နောက်ထပ် စေလွှတ်မယ့် အမေရိကန် တပ်ဖွဲ့ဝင်တွေဟာ အာဖဂန်စစ်တပ်ကို လေ့ကျင့်ပေးမှာဖြစ်သလို အကြံဥာဏ် ပေးတာတွေလည်း လုပ်ဆောင်မှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)