ကျုဘားစစ်တပ်ကို စီးဝင်နေတဲ့ ငွေကြေးကို ရပ်တန့်မယ်လို့ သမ္မတ ထရမ့် ကြေညာ

0
297

နှစ်နိုင်ငံကြား သံတမန် ဆက်ဆံရေး ဆက်ရှိမှာဖြစ်ပြီး အမေရိကန် စစ်သင်္ဘောနဲ့ လေကြောင်းလိုင်းတွေက ကျုးဘားကို ဆက်ပြီး ၀န်ဆောင်မှု ပေးမှာ ဖြစ်ပေမယ့် စစ်တပ်နဲ့ လုံခြုံရေး တပ်ဖွဲ့တွေဆီကို စီးဝင်မယ့် ငွေကြေးစီးဆင်းမှု ရပ်တန့်စေဖို့ ကျုဘားနိုင်ငံအပေါ် မှုဝါဒတွေကို ပြန်လည် စိစစ်မယ့် ကြေညာချက်ကို သမ္မတ ထရမ့်က ထုတ်ပြန်မှာ ဖြစ်ပါတယ်။

ကျုဘားအပေါ် သမ္မတ အိုဘားမား လက်ထက်က ချမှတ်ခဲ့တဲ့ မှုဝါဒကို ပြောင်းပြန်လှန်ဖို့ ရွေးကောက်ပွဲကတိ ပေးခဲ့တဲ့အတိုင်း လုပ်ဆောင်သွားမှာဖြစ်ကြောင်း ပြည်ပရောက် ကျုဘားနိုင်ငံသားတွေနဲ့ မိုင်ယာမီ ကဇာတ်ရုံမှာ ဒီနေ့ ဇွန်လ ၁၆ ရက်နေ့ တွေ့ဆုံမှုအတွင်း ပြောကြားခဲ့တဲ့ မိန့်ခွန်းမှာ သမ္မတ ထရမ့်က ထည့်သွင်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

တိုင်းပြည်အပေါ်မှာ ဖိနှိပ်ချုပ်ချယ်မှုတွေ လုပ်နေတဲ့ ကျုဘားအစိုးရကို သမ္မတ အိုဘားမားရဲ့မှုဝါဒက အားဖြည့်ပေးနေသလို ဖြစ်နေကြောင်း အိမ်ဖြူတော် ထိပ်တန်းအရာရှိတွေက ဇွန်လ ၁၅ ရက်နေ့မှာ ပြောဆိုခဲ့ကြပါတယ်။

ဒါပေမယ့် ကျုးဘားမှာ ကုမ္ပဏီ အကြီးစားကြီးတွေဟာ စစ်တပ်နဲ့ ဆက်နွယ်မှုရှိနေပါတယ်။ ဒါကြောင့် ကျုဘားကို သွားမယ့် အမေရိကန် စီးပွားရေး လုပ်ငန်းရှင်တွေဟာ စစ်တပ်နဲ့ ဆက်နွယ်နေတဲ့ ကုမ္ပဏီတွေကို ငွေပေးငွေယူ မလုပ်ဖို့ မှုဝါဒအသစ်အရ လိုအပ်မှာဖြစ်ပြီး အဲဒီအချက်က အမေရိကန်ရဲ့ မူဝါဒရေးရာကို ရှုပ်ထွေးစေနိုင်ပါတယ်။

ဒါ့အပြင် တချို့ အမေရိကန်ပုဂ္ဂိုလ် တစ်ဦးချင်းကို ကျုဘားနိုင်ငံ သွားလာမှု တင်းကြပ်လိုက်တာကြောင့် ကျုဘားပုဂ္ဂလိကပိုင် စီးပွားရေးကဏ္ဍကို ထိခိုက်မှုဖြစ်နိုင်ခြေလည်း ရှိနေပါတယ်။ အမှန်တော့ မစ္စတာ ထရမ့်ရဲ့ မူဝါဒအသစ်က ကျုဘားပုဂ္ဂလိက စီးပွားရေးကဏ္ဍကို ထောက်ပံ့ကူညီပေးဖို့ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)