လုပ်ဖော်ကိုင်ဖက် ဂျာနယ်လစ် အသတ်ခံရမှု မက္ကဆီကိုမှာ ဂျာနယ်လစ်တွေ ဆန္ဒပြ

0
229

လမ်းမပေါ်မှာ သေနတ်နဲ့ ပစ်သတ်ခံရပြီး တစ်လအကြာ အထိမ်းအမှတ်အနေနဲ့ မနေ့က ဇွန်လ ၁၅ ရက်နေ့မှာ သေဆုံး သူဂျာနယ်လစ် ဟိုဗီယာဗဲလ်ဒက်ဇ်ရဲ့ ကျန်ရစ်သူဇနီးနဲ့ ကလေးငယ်တွေ၊ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေက ဦးဆောင်ပြီး အမှုမှန်ဖော်ထုတ်ရေး ကြန့်ကြာနေမှုကို ရှုတ်ချဆန္ဒပြခဲ့ကြပါတယ်။

အကြမ်းဖက်မှုတွေ များပြားနေတဲ့ စီနာလိုအာ ပြည်နယ်အနောက်ပိုင်းမှာ တွဲဖက်တည်ထောင်သူ အနေနဲ့ သူလုပ်ကိုင်ခဲ့တဲ့ ရီရိုဒိုစေ သတင်းစာတိုက်ရုံး အပြင်ဘက်မှာ မေလ ၁၅ ရက်နေ့က ဟိုဗီယာကို နေ့ခင်းဘက်ကြီးမှာ ပစ်သတ်သွားခဲ့တာ ဖြစ်ပါတယ်။

AFP သတင်းဌာနနဲ့ ကာလရှည်ကြာ လက်တွဲခဲ့သူဖြစ်ပြီး ရာဇ၀တ်မှု သတင်းထောက်၊ ဆုရ စာရေးဆရာတစ်ဦးဖြစ်တဲ့ ဟိုဗီယာဟာ မက္ကဆီကိုမှာ အသတ်ခံရတဲ့ ဂျာနယ်လစ်တွေထဲမှာ အထင်ကရအဖြစ်ဆုံး ပုဂ္ဂိုလ်တစ်ဦး ဖြစ်ခဲ့ပါတယ်။

ဟိုဗီယာ အသတ်ခံရမှုကြောင့် မက္ကဆီကိုနိုင်ငံကို နိုင်ငံတကာက ဖိအားပေးမှုတွေ ဖြစ်လာခဲ့ပြီး သမ္မတ အန်ရစ်ခေးပီနာနီတိုကိုလည်း အဲဒီပြဿနာကို ပွင့်ပွင့်လင်းလင်း ဖော်ထုတ်ဖြေရှင်းဖို့ ပထမဆုံးအကြိမ် ပြောဆိုတိုက်တွန်းမှုတွေ ဖြစ်လာပါတယ်။

ဒါပေမယ့် တစ်လကြာတဲ့အထိ သမ္မတ ပီနာနီတို ကတိပေးခဲ့သလို အမှုမှန် ပေါ်ပေါက်မှု မရှိတာကြောင့် အခုလို ရှုတ်ချဆန္ဒပြမှု ဖြစ်လာတာပါ။ တကယ်တော့ မက္ကဆီကိုနိုင်ငံမှာ ရာဇ၀တ်မှု ၉၀ ရာခိုင်နူန်းနဲ့ အထက်မှာ ကျုးလွန်သူတွေဟာ အပြစ်ပေး မခံရဘဲ လွတ်မြောက်သွားလေ့ရှိပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)