ဒေ၀ါလီခံတော့မယ့် ဂျပန် တကာတာကုမ္ပဏီ ပိတ်သိမ်းပြီ

0
275

အစောဆုံး အခုလ နောက်ဆုံးထားပြီး လူမွဲစာရင်း ခံယူတော့မယ့် ဂျပန် ကုမ္ပဏီ တကာတာ (Takata) ဟာ ကုမ္ပဏီရဲ့ ရပိုင်ခွင့် (assets) တွေကို အမေရိကန်ကုမ္ပဏီ တစ်ခုဆီ ရောင်းချဖို့ပြင် ဆင်နေပါပြီ။ တကာတာ ကုမ္ပဏီဟာ မော်တော်ယာဉ်မှာ တပ်ဆင်တဲ့ လေအိတ်ထုတ်လုပ်တဲ့ ကုမ္ပဏီဖြစ်ပါတယ်။

အခုလပြုလုပ်မယ့် ဘုတ်အဖွဲ့အစည်းအဝေးမှာ ဒေ၀ါလီခံမယ့် ဆုံးဖြတ်ချက်ကို တရားဝင် ချမှတ်မှာ ဖြစ်ပါတယ်။ တကာတာ ကုမ္ပဏီရဲ့လုပ်ငန်း လည်ပတ်မှုတွေကို တရုတ်ကုမ္ပဏီ တစ်ခုဖြစ်တဲ့ ဂျွိုင်းဆန်း အီလက်ထောနစ်က လွှဲပြောင်းရယူမှာဖြစ်ပါတယ်။

အဲဒီ သတင်းနဲ့ ပတ်သက်ပြီး တကာတာ ကုမ္ပဏီရဲ့ အရာရှိတွေက ဘာမှတ်ချက်မှ မပေးကြသေးပါဘူး။ သတင်းထွက်ပေါ်ခဲ့ပြီး နောက်မှာ ရင်းနှီးမြှုပ်နှံသူတွေကို အတည်ပြုဖို့ အချိန်ရအောင် တိုကျို စတော့ အိတ်စ်ချိန်းက တကာတာရဲ့ ရှယ်ယာတွေကို ခေတ္တ ပိတ်ထားခဲ့ပါတယ်။

တကာတာရဲ့ ကားလေအိတ်တွေဟာ လုံခြုံစိတ်ချရမှု မရှိဘဲ အမေရိကန်နိုင်ငံ တစ်နိုင်ငံတည်းမှာပဲ သေဆုံးသူ ၁၁ ဦးဟာ တကာတာ ကုမ္ပဏီထုတ် လေအိတ်တွေရဲ့ ချို့ယွင်းချက်ကြောင့် ဖြစ်ခဲ့ရပါတယ်။

အမေရိကန်က ကားပေါင်း သန်း ၇၀ နီးပါး အပါအ၀င် မော်တော်ယာဉ်ပေါင်း သန်း ၁၀၀ မှာ တပ်ဆင်ထားတဲ့ တကာတာ လေအိတ်တွေကို ပြန်လည် သိမ်းဆည်းခဲ့ရပြီး ကားလေအိတ် လုပ်ငန်းသမိုင်းမှာ အကြီးမားဆုံး ပြန်လည် ရုပ်သိမ်းမှုဖြစ်ခဲ့ပါတယ်။

လေအိတ်တွေရဲ့ ပြဿနာကြောင့် အမေရိကန်မှာ တရားစွဲဆိုခဲ့ရတဲ့ အမှုကို ဖြေရှင်ဖို့ တိုယိုတာနဲ့ ဘီအမ်ဒဗလျူ အပါအ၀င် ကား ထုတ်လုပ်ရေးကုမ္ပဏီ လေးခုဟာ အမေရိကန်ဒေါ်လာ ၅၅၃ သန်းပေးဖို့ ပြီးခဲ့တဲ့လအတွင်း သဘောတူခဲ့ရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)