ရုရှားမှာ ကျင်းပမယ့် တိုက်ကြီးများဖလားပွဲမှာ လုံခြုံရေး တင်းကြပ်မယ်

0
272

၂၀၁၆ ခုနှစ် ဥရောပ ဖလားတုန်းကလို ၀ရုန်းသုန်းကား ဖြစ်စဉ်တွေ ထပ်မဖြစ်ပေါ်စေဖို့ ဇွန်လ ၁၇ ရက်နေ့ ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့မှာ ကျင်းပမယ့် တိုက်ကြီးများဖလား ပြိုင်ပွဲ၊ ရုရှားနဲ့ နယူးဇီလန် ပွဲစဉ်အတွက် လုံခြုံရေး အပြည့်အ၀ ချထားမှာဖြစ်ပါတယ်။

မနှစ်က ကမ္ဘာ့ဖလားကို အိမ်ရှင်အဖြစ် ကျင်းပချိန်မှာ ဘောလုံးပရိတ်သတ်တွေရဲ့အပြုအမှုက လူမျိုးရေး ခွဲခြားနှိမ့်ချမှုတွေ ရှိခဲ့ပြီး အခု အသင်း ၈ သင်း ကစားမယ့် တိုက်ကြီးများဖလားမှာ အလားတူ မဖြစ်စေဖို့ အိမ်ရှင်ရုရှားနိုင်ငံက မျှော်လင့်ထားပါတယ်။

ဇွန်လ ၁၇ ရက်နေ ဇူလိုင် ၂ ရက်နေ့အထိ ကစားကြမယ့် အဆိုပါ ပြိုင်ပွဲဟာ လာမယ့် ၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲ ဖိုင်နယ်ပွဲစဉ်တွေအတွက် သွေးပူအဖြစ် နိုင်ငံတကာ ဘောလုံးအသင်းတွေက ယူဆထားကြပါတယ်။

လက်ရှိ အချိန်အထိ ပြိုင်ပွဲရဲ့ အကျော်ကြားဆုံး ကစားသမားက ခရစ္စတီယာနို ရော်နယ်လ်ဒို ဖြစ်ပြီး ၂၀၁၆ ခုနှစ် ဥရောပချန်ပီယံ ပေါ်တူဂီအသင်းကို ခေါင်းဆောင်မှာ ဖြစ်ပါတယ်။

ဇူလိုင်လ ၂ ရက်နေ့ စိန့်ပီတာစဘတ်မြို့မှာ ကျင်းပမယ့် ဗိုလ်လုပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့ အသင်းတွေကတော့ ကမ္ဘာ့ချန်ပီယံ ဂျာမနီ၊ ရော်နယ်လ်ဒိုရဲ့ ပေါ်တူဂီနဲ့ အမေရိကတိုက်ရဲ့ချန်ပီယံ ချီလီအသင်းတို့ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)