သမ္မတထရမ့်ကို သရော်ဆန့်ကျင်ပြီး အမေရိကန်နဲ့ မက္ကဆီကို ကုမ္ပဏီတို့ ဘီယာအသစ် ထုတ်လုပ်

0
311

အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ မက္ကဆီကိုနိုင်ငံအပေါ် ထားရှိတဲ့ သဘောထားနဲ့ ပြောစကားတွေ မှားယွင်းကြောင်း သက်သေပြဖို့အတွက်ဆိုပြီး အမေရိကန်နဲ့ မက္ကဆီကို ဘီယာကုမ္ပဏီ သုံးခု ပူးပေါင်းပြီး ဘီယာအမှတ်တံဆိပ် အသစ်တစ်မျိုးကို ထုတ်လုပ်လိုက်ပါတယ်။

Amigous လို့ အမည်ပေးထားတဲ့ ဘီယာအသစ်မှာ မစ္စတာ ဒေါ်နယ်လ်ထရမ့်ကို မက္ကဆီကန်ရိုးရာ မာရီယာချီက ဂီတသမားအဖြစ် ပုံဖော်ပြီး နာဇီအမှတ် တံဆိပ်ပုံ ထည့်သွင်းဖော်ပြထားပါတယ်။ ဘာသာစကား တစ်မျိုးတည်း ပြောသူတွေ မဟုတ်ပေမယ့် ဘယ်လိုတံတိုင်းမျိုးနဲ့မှ တားဆီးထားလို့မရဘဲ လူတွေကို ညီညွတ်စည်းရုံးစေတဲ့ အင်အားတစ်ခုက ဘီယာပါပဲလို့ အဆိုပါ ထုတ်လုပ်တဲ့ ကုမ္ပဏီတွေက ဆိုထားပါတယ်။

“အရေးကြီးတဲ့အချက်က ဒီထုတ်ကုန်ကို အတူတူထုတ်လုပ်ပြီး အမေရိကန်သမ္မတ မှားယွင်းကြောင်း ပြသဖို့ပါပဲ” လို့ မက္ကဆီကို ဘီယာထုတ်လုပ်ရေး ကုမ္ပဏီ အဲရာဒေဒီစင်ဘရီရဲ့ ဦးဆောင်သူ ဟိုဆေးဖာနန်ဒိုရီကွန်က ပြောဆိုခဲ့ပါတယ်။ ရီကွန်ရဲ့ကုမ္ပဏီဟာ တခြားမက္ကဆီကန် ကုမ္ပဏီဖြစ်တဲ့ ခရုခရုနဲ့ အမေရိကန်ကုမ္ပဏီ အက်ပစ်တို့နဲ့ ပူးပေါင်းပြီး ထုတ်လုပ်တာ ဖြစ်ပါတယ်။

ဒါ့အပြင် ဘီယာရဲ့အရသာက ထရမ့်ရဲ့သဘောထားလိုပဲ ခါးသက်သက် ဖြစ်နေမှာဖြစ်ကြောင်း ခရုခရုဘီယာ ကုမ္ပဏီက လူးစ္စအန် ရစ်ခေးဒေလာရီဂူးရာက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)