မီးဘေးသင့် ဂရင်းဖဲလ် တာဝါ ကိစ္စ ကိုင်တွယ်မှု ဗြိတိသျှပြည်သူတွေ ဒေါသပေါက်ကွဲနေ

0
241

အနည်းဆုံးလူ ၁၇ ဦး သေဆုံးခဲ့ရပြီး မီးလောင်ကျွမ်းခံရသူ တချို့ကို မမှတ်မိနိုင်လောက်အောင် ရုပ်ပျက်ဆင်းပျက် ဖြစ်စေခဲ့ပြီး သေဆုံးသူ ရာချီနိုင်တယ်လို့ ယူဆရတဲ့ ဂရင်း ဖဲလ် တာဝါ မီးလောင်ကျွမ်းမှုကို အစိုးရက ကိုင်တွယ်နေမှုနဲ့ ပတ်သက်လို့ ဗြိတိန်ပြည်သူတွေ ဒေါသပေါက်ကွဲနေကြပါတယ်။

 

ဇွန်လ ၁၄ ရက်နေ့က အထပ်ပေါင်း ၂၇ ထပ်ရှိတဲ့ ဂရင်းဖဲလ် တာဝါ မီးလောင်ကျွမ်းတဲ့ နေရာကို လာရောက်တဲ့ မြို့တော်ဝန် ဆာဒစ်ခမ်းကို ဒေသခံပြည်သူတွေက အော်ဟစ်မေးမြန်းခဲ့ကြပါတယ်။

“ကလေးဘယ်နှယောက် သေပြီလဲ၊ ဒီကိစ္စကို ခင်ဗျား ဘယ်လိုလုပ်မှာလဲ” လို့ နောက်ထပ် တင်းမာမှုတွေ မြင့်တက် မလာအောင် ကြိုးပမ်းနေတဲ့ မြို့တော်ဝန် ခမ်းကို လူငယ်တစ်ဦးက အော်ဟစ်မေးမြန်းခဲ့ပါတယ်။

ဂရင်းဖဲလ် တာဝါမှာ လူပေါင်း ၆၀၀ ခန့်နေထိုင်ပြီး မီးလောင်ကျွမ်းမှု နောက်ပိုင်း မိသားစုလိုက် ပျောက်ဆုံးမှုတွေ ရှိနေပါတယ်။ မီးလောင်ကျွမ်းမှုကြောင့် တစ်စင်းတဲ့ရှိတဲ့ လှေခါးကနေ မီးခိုးတွေကြားက အလုအယက် ပြေးဆင်းခဲ့ကြရပြီး ပြူတင်းပေါက်က ခုန်ချတာတွေနဲ့ ကိုယ့်ရင်သွေးကို လွတ်အောင် ပြုတင်းပေါက်ကနေ ပစ်ချတာတောင် ရှိခဲ့ပါတယ်။

မီးက ၃၆ နာရီကျော်ကြာ ဆက်လက် လောင်ကျွမ်းနေခဲ့တာဖြစ်လို့ အသက်ရှင် ကျန်ရစ်သူ တွေ့ရှိဖို့ မဖြစ်နိုင်သလောက်ပဲလို့ ရဲအရာရှိ စတတ်ကန်ဒီက ဆိုပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)