တရုတ်နိုင်ငံက မူလတန်းကျောင်း ပေါက်ကွဲမှု ရာဇ၀တ်မှု အဖြစ် စုံစမ်းမှု ပြုလုပ်

0
248

တရုတ်နိုင်ငံ အရှေ့ပိုင်းဒေသရှိ မှုလတန်းကျောင်း တစ်ကျောင်းမှာ လူ ၈ ဦးသေဆုံးခဲ့ပြီး ဒါဇင်နဲ့ချီ ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့ ပေါက်ကွဲမှုကို စစ်ဆေးနေတဲ့ ရဲအရာရှိတွေက အဆိုပါအမှုကို အကြမ်းဖက်မှုအဖြစ် မသတ်မှတ်ဘဲ ရာဇ၀တ်မှု အနေနဲ့သာ စုံစမ်းဖော်ထုတ် သွားမှာဖြစ်ကြောင်း ပြောကြားလိုက်ပြီး လက်ရှိအချိန်မှာ သံသယတရားခံတစ်ဦးကို ဖော်ထုတ်ထားနိုင်ပြီ ဖြစ်ပါတယ်။

လူမှုကွန်ရက်ပေါ် တက်လာတဲ့ ဓာတ်ပုံတွေအရ ပေါက်ကွဲမှုကြောင့် ငိုယိုအော်ဟစ်နေကြပြီး အမျိုးသမီးတစ်ဦးက ငိုကြွေးနေတဲ့ ကလေးငယ်ကို ဖက်ထားတာ တွေ့မြင်ခဲ့ရပါတယ်။

မျက်မြင်သက်သေတွေရဲ့ပြောကြားချက်အရ မနေ့ ဇွန်လ ၁၅ ရက်က ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုဟာ စားသောက်ဆိုင် တစ်ဆိုင်က ဂက်စ်အိုးကြောင့်ဖြစ်ပြီး အခင်းဖြစ်ပွားခဲ့တဲ့ ကျန်းစုပြည်နယ် အရှေ့ပိုင်း ဒေသအာဏာပိုင်တွေက ဒီဖြစ်စဉ်ကို ရာဇ၀တ်မှုအနေနဲ့သာ ဆက်လက် အရေးယူ ဆောင်ရွက်သွားမယ်လို့ ပြောဆိုခဲ့ပါတယ်။

ပေါက်ကွဲမှု ဖြစ်ပွားချိန်မှာ ကျောင်းတံခါး ဖွင့်ချိန်ဖြစ်နေပြီး ကျောင်းသားတွေ မထွက်လာသေးကြောင်း၊ ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

အာဏာပိုင်တွေရဲ့ ဖော်ပြချက်အရ ၈ ဦးသေဆုံးပြီး ၆၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။ ဒဏ်ရာရရှိသူ ၈ ဦးမှာ စိုးရိမ်ရတဲ့ အခြေအနေ ရှိပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)