ပျောက်ဆုံး မလေးရှား ဟောခ့် တိုက်လေယာဉ် လေယာဉ်မှူး နှစ်ဦး အလောင်း ရှာတွေ့

0
250

ပျံသန်းရင်း ပျောက်ဆုံးသွားတဲ့ မလေးရှား ဟော့ခ်  ၁၀၈ တိုက်လေယာဉ်က လေယာဉ်မှူးတွေရဲ့ အလောင်းကို ရှာတွေ့ပြီ ဖြစ်ပါတယ်။ မလေးရှားတော်ဝင် လေတပ်ဖွဲရဲ့ ဟော့ခ် ၁၀၈ လေယာဉ်ဟာ မနေ့က ဇွန်လ ၁၅ ရက်နေ့ ပဟန် – တီရန်ဂါနူ ပြည်နယ် နယ်စပ် ကွန်တန်မြို့မြောက်ပိုင်းကို ပျံသန်းချိန်မှာ ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။  

လေယာဉ်မှူး နှစ်ဦးကို ချူကိုင်းမြို့မှာ ပြန်ရှာဖွေတွေခဲ့တာ ဖြစ်ပါတယ်။ လေယာဉ်မှူး နှစ်ဦးဖြစ်တဲ့ ဗိုလ်မှူး ဟာရစ် ဇဟာရီနဲ့ ယီမင်မိုဟာမက်ယူဆော့ဖ်ကို လေထီးတွေကြားထဲမှာ တွေရှိခဲ့တာ ဖြစ်ပါတယ်။ လက်ရှိအချိန်ထိတော့ ပျောက်ဆုံးနေတဲ့ ဟော့ခ် ၁၀၈ လေယာဉ်ကို မတွေ့သေးဘူးလို့ မလေးရှားသတင်းတွေက ဖော်ပြပါတယ်။

ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေ ဟာပျောက်ဆုံးနေတဲ့ လေယာဉ်ကို ဆက်လက်ရှာဖွေနေဆဲဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)