တင်းမာမှုတွေ ဖြေလျှော့ဖို့ ကာတာနဲ့ ဆော်ဒီအာရေဗျကို ဗြိတိသျှဝန်ကြီးချုပ် တိုက်တွန်း

0
239

ဗြိတိသျှ ဝန်ကြီးချုပ် ထရီဆာမေက ဆော်ဒီအာရေဗျ၊ ဘာရိန်း၊ ကာတာတို့ကို တင်းမာတွေမှုတွေ ဖြေလျှော့ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်က ဆော်ဒီအာရေဗျ ဦးဆောင်တဲ့ အာရပ်နိုင်ငံတွေနဲ့ ကာတာနိုင်ငံကြား တင်းမာမှုတွေ ဖြစ်ခဲ့ပြီး ကာတာနိုင်ငံနဲ့ သံတမန် အဆက်သွယ် ဖြတ်တောက်ခဲ့ပါတယ်။ တင်းမာမှုတွေ မြင့်တက်နေမယ်ဆိုရင် ပင်လယ်ကွေ့ နိုင်ငံတွေကြားမှာ ကာတာဟာ အထီးကျန်နိုင်ငံ ပိုမိုဖြစ်လာနိုင်တာကြောင့် နှစ်ဘက်စလုံးအနေနဲ့ တင်းမာမှုတွေ ဖြေလျှော့စေလိုတယ်လို့ ပြောပါတယ်။

ကာတာနိုင်ငံဟာ အကြမ်းဖက် အဖွဲ့စည်းတွေကို ကူညီထောက်ပံပေးမှုတွေ လုပ်နေတယ်ဆိုပြီး ဆော်ဒီအာရေဗျ ဦးဆောင်တဲ့ အာရပ်နိုင်ငံတချို့က ကာတာနိုင်ငံနဲ့ သံတမန် ဆက်သွယ်ရေး ဖြတ်တောက်ထားခဲ့ပါတယ်။

ဒါ့အပြင် ကာတာနိုင်ငံနဲ့ လေကြောင်း ပျံသန်းမှု ခရီးစဉ်တွေကိုပါ ရုတ်သိမ်းခဲ့ပါတယ်။ ဗြိတိန်ဝန်ကြီးချုပ် မေက ကာတာနိုင်ငံ အနေနဲ့ ဒေသအတွင်းမှာ အစွန်းရောက်မှုနဲ့ အကြမ်းဖက်မှုတွေ လျှော့ပါးအောင် ဆောင်ရွက်သင့်ပြီး ဒေသအတွင်းနိုင်ငံတွေနဲ့ ဆက်ဆံရေး တိုးတက်အောင် လုပ်ဆောင်ရမယ်လို့ ပြောပါတယ်။

ဗြိတိန်ဝန်ကြီးချုပ်ဟာ ဇွန်လ ၁၅ ရက်နေ့က ကာတာ စော်ဘွား၊ ဆော်ဒီအာရေဗျ ဘုရင်တို့နဲ့ တွေဆုံဆွေးနွေးမှုတွေ လုပ်ချိန်မှာ တိုက်တွန်းပြောခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)