အေဂျက်ကွင်းလယ်လူ ကလာဆန်ကို အဲဗာတန် ပေါင် ၂၃ ဒသမ ၆ သန်းနဲ့ ခေါ်ယူ

0
268

အဲဗာတန်အသင်းဟာ ဟော်လန်အေဂျက် ကွင်းလယ်လူ ဒါဗီ ကလာဆန်ကို ပေါင် ၂၃ ဒသမ ၆ သန်းနဲ့  အပြီးသတ် ခေါ်ယူလိုက်ပြီ ဖြစ်ပါတယ်။ အဲဗာတန်အသင်းဟာ ကွင်းလယ်လူ ကလာဆန်ကို ၅ နှစ် စာချုပ်ချုပ်ဆိုသွားမှာ ဖြစ်ပါတယ်။ ကလာဆင်ဟာ အေဂျက်အသင်းနဲ့ ၂၀၁၁ ခုနှစ်မှာ ပွဲထွက်ခဲ့ပြီး ပွဲပေါင်း ၁၆၃ ပွဲ ကစားထားပါတယ်။

ကလာဆန်က “အေဂျက်အသင်းက ထွက်ခွာဖို့ခက်ခဲ့ပေမယ့် ကျွန်တော့်အနာဂတ် အတွက် ရွေးချယ်ခဲ့ရတာပါ” လို့ ပြောပါတယ်။ အဲဗာတန် ကွင်းလယ်လူ ဘာကလေဟာ အသင်းမှာဆက်ရှိဖို့ မရေမရာ ဖြစ်နေတာကြောင့် အဲဗာတန် အသင်းက သူရဲ့နေရာကို အစားထိုးနိုင်ဖို့ ကလာဆင်ကို ခေါ်ယူလိုက်တာ ဖြစ်ပါတယ်။ ကလာဆင်ဟာ အေဂျက် အသင်းအတွက် ဂိုးပေါင်း ၄၉ ဂိုး သွင်းယူခဲ့ပြီး ဟော်လန်အမှတ်ပေး ချန်ပီယံဆု ၃ ကြိမ်ရအောင် စွမ်းဆောင်နိုင်ခဲ့သူ ဖြစ်ပါတယ်။

အဲဗာတန်နည်းပြ ကိုလ်မန်းဟာ လာမယ့်ရာသီမှာ အသင်းအင်အား ဖြည့်တင်းဖို့ ပြင်ဆင်နေပြီး ဆန်းဒါးလန် ဂိုးသမား ပစ်ဖောဒ့်ကို ကို ပေါင် ၂၅ သန်းနဲ့ အပြီးသတ် ခေါ်ယူထားပြီး ဖြစ်ပါတယ်။ ကလာဆင်ဟာ အပြောင်းအရွေ့ကာလအတွင်း အဲဗာတန်အသင်းကို ရောက်လာတဲ့ ဒုတိယမြောက် ကစားသမား ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)