အိန္ဒိယ ဘဏ္ဍာရေးဝန်ကြီးဟောင်း အိမ်ကို ၀င်ရောက်ရှာဖွေ

0
307

အိန္ဒိယဘဏ္ဍာရေးဝန်ကြီးဟောင်း ပီချေဒန်ဘာရမ်နဲ့ သူ့သားအိမ်ကို ဘဏ္ဍာရေးအလွဲသုံးစားပြုမှု စစ်ဆေးဖို့ နိုင်ငံရဲ့အမြင့်ဆုံး စုံစမ်းစစ်ဆေးရေးအဖွဲ့က ၀င်ရောက်ရှာဖွေကြောင်း သိရှိရပါတယ်။

အဆိုပါစစ်ဆေးမှုကို ချင်နိုင်းပြည်နယ်တောင်ပိုင်းရှိ ၀န်ကြီးဟောင်းနဲ့ သူ့သားအိမ်တွေမှာ ပြုလုပ်ခဲ့ကြောင်း ဗဟိုထောက်လှမ်းရေး ဗျုရိုက အတည်ပြုပြောကြားခဲ့ပါတယ်။

မစ္စတာပီချေဒန်ဘာရမ် ၀န်ကြီးတာဝန်ယူစဉ်က ကုမ္ပဏီတစ်ခုမှာ ရင်းနှီးမြှုပ်နှံမှုပြုလုပ်ခဲ့တာနဲ့ ပတ်သက်ပြီး အခုလို ၀င်ရောက်ရှာ ဖွေခဲ့တာဖြစ်ပါတယ်။

ဗဟိုထောက်လှမ်းရေးဗျုရိုရဲ့ပြောရေးဆိုခွင့်ရှိသူ အာလ်ကေဂူရ်က မွန်ဘိုင်း၊ ဒေလီစတဲ့ အခြားမြို့ကြီးတွေမှာလည်း အခုလိုဝင် ရောက်စီးနင်းရှာဖွေမှုတွေ ပြုလုပ်နေခဲ့ကြောင်း ပြောပါတယ်။

ဒါပေမဲ့ ၀န်ကြီးဟောင်း ပီချေဒန်ဘာရမ်ကတော့ အစိုးရအပေါ်မှာ သူ့ရဲ့ဝေဖန်ရေးသားမှုတွေကြောင့် အခုလို ၀င်ရောက်စီးနင်းခဲ့တာဖြစ်ပြီး သူ့ရဲ့အသံကို တိတ်ဆိတ်သွားအောင် ရှာဖွေစစ်ဆေးမှုကို အသုံးချနေတာဖြစ်ကြောင်း ပြောဆိုသွားခဲ့ပါတယ်။

သူ့အနေနဲ့ ဘဏ္ဍာရေးဝန်ကြီးအဖြစ်တာဝန်ယူချိန်မှာ ဥပဒေနဲ့အညီလုပ်ကိုင်ခဲ့ကြောင်း ၀န်ကြီးဟောင်း ပီချေဒန်ဘာရမ်က ဆက် လက်ပြောဆိုခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)