လျှို့ဝှက် သတင်းအချက်လက်တွေ ရုရှားကို ထရန့် ထုတ်ဖော်ပြောဆို

0
325

အစ္စလာမ်မစ်အကြမ်းဖက်အဖွဲ့ အိုင်အက်စ်နဲ့ ပတ်သက်တဲ့ လျှိုဝှက်သတင်းအချက်တွေကို အမေရိကန်သ မ္မတဒေါ်နယ်လ် ထရန့်က ရုရှားနိုင်ငံခြားရေးဝန်ကြီးနဲ့ ထုတ်ဖော်ပြောဆိုခဲ့ကြောင်း အမေရိကန်မီဒီယာတွေ ဖော်ပြခဲ့ပါတယ်။

အဆိုပါသတင်းအချက်အလက်တွေဟာ ရုရှားနဲ့မျှဝေမှုမပြုလုပ်ရဘူးလို့ ကန့်သတ်ထားတဲ့ အချက်အလက်တွေပဲ ဖြစ်ပါတယ်။ မစ္စတာထရန့်ဟာ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာဗ်လော့ဗ်ကို ပြီးခဲ့တဲ့ရက်သတ္တပတ်က အိမ်ဖြူတော်မှာ လက်ခံတွေ့ဆုံခဲ့တာဖြစ်ပါတယ်။

အမေရိကန်နိုင်ငံတော်လုံခြုံရေးအကြံပေး မက်စ်မာစတာကတော့ မီဒီယာတွေက ဖော်ပြတဲ့သတင်းက မှားယွင်း ကြောင်းပြောဆိုခဲ့ပါတယ်။ မဲဆွယ်စည်းရုံးရေးကာလမှာ သမ္မတထရန့်ဟ မော်စကိုအစိုးရနဲ့ ဆက်နွယ်မှုရှိတယ်ဆိုပြီး စွပ်စွဲချက်တွေလည်း ထွက်ပေါ်ခဲ့တာကြောင့် စုံစမ်းဖော်ထုတ်ဖို့ တောင်းဆိုမှုတွေလည်း ရှိခဲ့ပါတယ်။

မစ္စတာထရန့်က အဆိုပါစွပ်စွဲချက်တွေက သတင်းမှားတွေသာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။
မဲဆွယ်စည်းရုံးရေးကာလအတွင်းမှာ မစ္စတာထရန့်ဟာ သူ့ရဲ့ပြိုင်ဘက်ဖြစ်တဲ့ ဒီမိုကရက်တစ်ခေါင်းဆောင် ဟီလာရီကလင်တန် ကို လျို့ဝှက်သတင်းအချက်အလက်တွေ ကိုင်တွယ်ပုံညံ့ဖျင်းတယ်လို့ အမြဲဝေဖန် ပုတ်ခတ်ခဲ့သူဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)