မူးယစ်မှောင်ခိုသတင်း ဖော်ထုတ်ခဲ့တဲ့ မက္ကဆီကန် သတင်းထောက် သတ်ဖြတ်ခံရ

0
264

၂၀၁၁ ခုနှစ်မှာ မူးယစ်မှောင်ခိုသတင်းအချက်အလက်တွေကို ဖော်ထုတ်ရေးသားမှုကြောင့် နိုင်ငံတကာသတင်းစာ လွတ်လပ်မှုဆုရရှိခဲ့တဲ့ အသက် ၅၀ အရွယ် မက္ကဆီကန်လူမျိုး ဟိုဗီယာဗဲလ်ဒက်ဇ်ဟာ ဆီနာလိုအာပြည်နယ် အနောက်မြောက်ပိုင်းမှာ ပစ်ခတ်သတ်ဖြတ်ခံခဲ့ရပါတယ်။

ရီယိုဒို့စ်ဝက်ဘ်ဆိုက်ဒ်အတွက် သတင်းတင်ဆက်နေတဲ့ ဟိုဗီယာဟာ သူအလုပ်လုပ်တဲ့ ကျုလီယာကန်မြို့မှာ ကားတွင်းရှိနေချိန် အမည်မသိတဲ့ သေနတ်သမားတွေက ပစ်ခတ်သွားတာဖြစ်ပါတယ်။ ဒီနှစ်အတွင်း ဟိုဗီယာဟာ ပဉ္စမမြောက် သတ်ဖြတ်ခံရတဲ့ စာနယ်ဇင်းသမားပဲဖြစ်ပါတယ်။

သူရဲ့စာနယ်ဇင်းသမားသက်တမ်း ဆယ်စုနှစ် သုံးစုအတွင်း မှုးယစ်ဆေးမှောင်ခိုသတင်းတွေကို ဆက်တိုက်ဖော်ထုတ်ရေးသားခဲ့ပါတယ်။ သူ့ရဲ့ဖော်ထုတ်ရေးသားမှုတွေထဲမှာ အင်မတန်လက်တံရှည်နေတဲ့ ဆီနာလိုအာမှုးယစ်မှောင်ခိုဂိုဏ်းအကြောင်းလည်း ပါဝင်ခဲ့ပါတယ်။

မက္ကဆီကိုကနေ အမေရိကန်နိုင်ငံထဲကို ၀င်ရောက်နေတဲ့ မှုးယစ်ဆေးအားလုံးရဲ့ ၂၅ရာခိုင်နူန်းကို အဆိုပါဂိုဏ်းက ဖြန့်ချိနေတာ ဖြစ်ပါတယ်။ အဆိုပါဂိုဏ်းကို အဲလ်ကာပုန်းလို့ ပြောကြတဲ့ ဟွန်ကွီဂူဇ်မန်းက စတင်တည်ထောင်ခဲ့တာဖြစ်ပြီး သူ့ကို ၂၀၁၄ ခုနှစ်မှာ ဖမ်းဆီးမိခဲ့ပြီး လက်ရှိအချိန်မှာ အမေရိကန်နိုင်ငံက ထောင်ထဲမှာ တရားစီရင်ခံရဖို့ စောင့်နေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)