အသံပြန်လည် ကြားနိုင်တဲ့ တက်တူးကို တီထွင်

0
436

တက်တူးထိုးတဲ့  ပညာရှင်တစ်ဦးဟာ  မိမိထိုးထားတဲ့ တက်တူးကနေ   အသံကြားနိုင်တဲ့ တက်တူးတစ်မျိုးကို မေလ ၁၂   ရက်နေ့က  တီထွင်စမ်းသပ်ပြခဲ့ပါတယ်။

အဲ့ဒီထူးခြားတဲ့ တက်တူးမှာ မမြင်နိုင်တဲ့   လျို့ဝှက်ချက် တစ်ခုရှိနေပြီး  တီထွင်ခဲ့သူကတော့  တက်တူးကျွမ်းကျင်ပညာရှင်  နိတ် ဆက်ဂတ်  ပဲဖြစ်ပါတယ်။

 ဂီတသံ၊စကားသံအမျိုးမျိုးကို ပြန်လည်ကြားနိုင်မဲ့  ကိုယ်ခန္ဓာပေါ်က တက်တူးနဲ့  ဆက်စပ်တဲ့  တက်တူး မျိုးပြုလုပ်ဖို့   ဆာဂတ်က အလိုရှိခဲ့  တာဖြစ်ပြီး  အဲဒီတက်တူးကို   Soundwave Tattoos လို့ ခေါ်ပါတယ်။

Soundwave Tattoos အတွက်  ထိုးမဲ့သူရဲ့  အရေပြားပေါ်မှာ  အသံလှိုင်းပုံသဏ္ဍာန်  ၁မိနစ်စာ တက်တူး လေးရှိနေဖို့ လိုအပ်ပြီး မိမိရဲ့ ဖုန်းထဲမှာလည်း အသံလှိုင်းနဲ့ ချိတ်ဆက်နဲ့ ဆော့်ဝဲလ်ဖိုင် ထည့်ထားရမှာဖြစ်ပါတယ်။

အဲ့ဒီ နောက် အသံလှိုင်းတက်တူးကို   မိမိနားထောင်လိုတဲ့အသံ ထည့်သွင်းရေးဆွဲရပြီး အသံပြန်လည်ကြားရဖို့ အတွက် စမတ်ဖုန်းထဲမှာရှိတဲ့ ဆော့ဝဲလ်က scan ဖတ်ပေ့းသွားမှာ  ဖြစ်ပါတယ်။

ဒီ Soundwave Tattoos  ပညာရပ်ကို ကမ္ဘာတ၀ှမ်းလုံးမှာ ရှိတဲ့ တက်တူးပညာရှင်တွေကို  လေ့ကျင့်သင်ကြား ပေးသွားမှာ ဖြစ်ပြီး Soundwave Tattoos  တက်တူးပညာရှင်  ကွန်ယက် တည်ထောင်သွားဖို့ လည်းရှိတယ်လို့ ထပ်မံ ပြောကြားခဲ့ပါတယ်။

နောက်ထပ်လည်း  “လူဆိုတာ မိမိရဲ့ စိတ်ကူးကို အကောင်အထည်ဖော်ဖို့အတွက် မိမိကိုယ် မိမိ ယုံကြည်ဖို့ လိုအပ်ကြောင်း၊ အဲ့ဒီလို ယုံကြည်မှုရှိမှသာ ဖြစ်ချင်တဲ့ ဆန္ဒဟာ အမှန်တကယ်ဖြစ်ပေါ်လာမှာ ဖြစ်ပြီး အောင်မြင်မှု ရရှိနိုင်မှာ ဖြစ်ကြောင်း “ ပြောကြားခဲ့ပါတယ်။

လက်ရှိအချိန်မှာ တက်တူးတစ်ခုကို ဒေါ်လာ ၁၅၀ နဲ့ ထိုးပေးနေတာဖြစ်ပြီး အဲ့ဒီ ဆော့ဝဲလ်ကို လာမဲ့ ၂၀၁၇ ဂျွန်လ မှာ ဖြန့်ဝေပေးသွားမှာ ဖြစ်ကြောင်းနဲ့    လုပ်ငန်း လည်ပတ်ဖို့အတွက် ကမ္ဘာ့နေရာ အနှံအပြားက တက်တူး ပညာရှင်တွေကို အသုံးချခွင့်ပေးသွားမှာပဲဖြစ်ပါတယ် လို့ပြောကြားခဲ့တာပဲဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)