ကမ္ဘာတစ်ဝှမ်းက ဆိုက်ဘာတိုက်ခိုက်မှုတွေဟာ မြောက်ကိုရီးယားဖြစ်တယ် လို့ ပညာရှင်တွေပြော

0
268

ပြီးခဲ့တဲ့ မေလ ၁၁ ရက်နေ့က ကမ္ဘာ့နိုင်ငံပေါင်း ၁၅၀ ကျော်မှာရှိတဲ့ ကွန်ပျူတာ အလုံးပေါင်း ၃၀၀၀  နီးပါး ဆိုက်ဘာတိုက်ခိုက်ခံခဲ့ရပါတယ်။

အဲ့ဒီဆိုက်ဘာ   တိုက်ခိုက်မှုကြောင့်   စီးပွားရေးလုပ်ငန်းရှင် တစ်ချို့ တွေ့ဆုံ ခဲ့ပြီး    ဆိုက်ဘာတိုက်ခိုက်မှု ဆန့်ကျင်ရေးပြုလုပ်ကြဖို့  သဘောတူခဲ့ပါတယ်။

လက်ရှိ အချိန်မှာတော့ အဲ့ဒီ တိုက်ခိုက်မှုကို ရှာဖွေနေကြတဲ့ ဆိုက်ဘာလုံခြုံရေး ပညာရှင်နေတွေက ၀င်ရောက်တိုက်ခိုက်မှုတွေဟာ မြောက်ကိုရီးယားဘက်က  ဖြစ်ကြောင်း မေ ၁၅ ရက်နေ့က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ဒါဟာမြောက်ကိုရီးယားရဲ့ ဆိုက်ဘာစစ်ဆင်ရေး ဖြစ်ကြောင်း၊ Lazarus လို့ခေါ်ဆိုကြတဲ့ မြောက်ကိုရီးယားဆိုက်ဘာ အုပ်စုရဲ့ လက်ချက်ဖြစ်ကြောင်း  ဆိုက်ဘာလုံခြုံရေး ပညာရှင်တွေ ဖော်ထုတ်နိုင်ခဲ့တာပဲဖြစ်ပါတယ်။

သမ္မတ ဒေါ်နယ်ထရမ့်ကတော့ ဆိုက်ဘာတိုက်ခိုက်သူတွေဟာ  တရားဥပဒေချိုးဖောက်သူတွေဖြစ်တဲ့အတွက် တရားခံတွေပါပဲ လို့ပြောဆိုလိုက်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)